<Unicode>
ခွဲစိတ်ခန်းရှေ့တွင်တိမ်တိုက်ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နဲ့ဂနာမငြိမ်ပါ။မွေးမဲ့ရက်ကအဝေးကြီးလိုသေးတာမို့ဆေးရုံမှာမနေချင်တဲ့ကလေးငယ်ရဲ့ဆန္ဒကိုလိုက်လျောခဲ့မိတဲ့ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံးပေ။သူသာကလေးငယ်ကိုသေချာနားဝင်အောင်ပြောပီး လက်ခံအောင်ကြိုးစားပြောခဲ့ရင်ခုလိုကလေးငယ်နာကျင်ခဲ့မှာမဟုတ်။"boss စိတ်အေးအေးထားပါ လေပြည်အဆင်ပြေမှာပါ bossကလက်ညှိုးသုတ်လေးရွတ်နေပါ"
"ဘာသုတ်?"
"လက်ညှိုးသုတ်လေ အော် ဟိုဟာဗျာ လက်ညှိုးတစ်ထောင်ဖြတ်တဲ့သူရဲ့နာမည်နဲ့သုတ်လေ ကျနော်မေ့နေလို့"
"အင်္ဂုလိမာလသုတ်ကိုပြောတာလား"
"အာ ဟုတ်တယ် ဟုတ်တယ် bossပြောတဲ့ဟာ ကျနော်ကြားဖူးတာကလေးမွေးရင်အဲ့သုတ်ရွတ်ရတယ်တဲ့ အဲ့တာဆိုမွေးရဖွားရလွယ်ကူတယ်တဲ့"
ဝေယံစကားကြောင့်သူလဲအင်္ဂုလိမာလသုတ်ကို၁၀ခေါက်ထက်မနည်းရွတ်ရင်း...
*ကလေးငယ်ရယ် ဘာမှမဖြစ်လိုက်ပါနဲ့*
၂နာရီကြာပီးတဲ့နောက်မှာဆရာဝန်ကခွဲစိတ်ခန်းမှထွက်လာပီး..
"ဂုဏ်ယူပါတယ်ဗျာ သားလေးမွေးပါတယ် အဖေရောကလေးပါကျန်းမာပါတယ်"
ဆရာဝန်ထွက်သွားတော့မှတိမ်တိုက်ရောဝေယံပါအခန်းထဲဝင်သွားသည်။ကုတင်ပေါ်တွင်လေပြည်ခမျာမောပန်းနွယ်နယ်စွာမှိန်းနေရပီး လက်လေးတစ်ချောင်းတောင်မလှုပ်ရှားနိုင်တော့။တိမ်တိုက်သူလေးရဲ့လက်ကိုဆုပ်ကိုင်ကာ....
"ကျေးဇူးပါကလေးရယ် ကိုယ့်အတွက်ရင်သွေးလေးကိုမွေးပေးခဲ့လို့ ဘာမှမဖြစ်ပဲကျန်မာပေးခဲ့လို့လဲကျေးဇူးပါ"
"ကိုကိုလေး"
"ဗျာ"
"သားလေးရော"
"သားလေးကအိပ်နေတယ် ကလေးလဲအိပ်လိုက်နော် ပင်ပန်းထားတယ်မလား"
"သားလေးကိုကြည့်ပီးရင်အိပ်မယ်လေ ခနခေါ်ပေးပါလား"
"အင်းပါ"
နက်စ်မလေးဆီကကလေးလေးကိုလွဲပြောင်းချီရန်လုပ်ပေမယ့် ဘယ်လိုချီကမှန်းမသိတာကြောင့်ကလေးကနိုးလာကာအော်ငိုတော့သည်။
YOU ARE READING
Save Him(Completed)
Fantasy"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022