<Unicode>
(ဇာတ်လိုက်ကိုကယ်တင်ပါhost)(ဟုတ်ပီ)
*လီမင်လို့ပဲသုံးပါတော့မယ်*
စားသောက်ဆိုင်ရောက်တော့ကားပါကင်မှာကားကိုထိုးရပ်လိုက်ပီးသူအရင်ဆင်းကာ နောက်ခန်းကဟန်ယောင်းကိုတံခါးဖွင့်ပေးလိုက်သည်။ဟန်ရှင်းကလဲသူ့ကိုတံခါးဖွင့်ပေးမယ်အထင်နဲ့ ထိုင်စောင့်နေပေမယ့် လီမင်ကသူ့ဆီရောက်မလာပဲဟန်ယောင်းကိုတံခါးဖွင့်ပေးပီးတာနဲ့စားသောက်ဆိုင်ထဲသို့ဝင်သွားတော့သည်။ဟန်ရှင်း ဒေါသထွက်တာရောရှက်တာရောကြောင့်လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်မိသည်။
*ဟူးး စိတ်လျှော့ဟန်ရှင်း မင်းထပေါက်ကွဲလို့မဖြစ်ဘူး*
ဟန်ရှင်းစိတ်ကိုလျှော့လိုက်ကာသူ့ဘာသာတံခါးဖွင့်ပီးဆင်းလိုက်သည်။လီမင်ကသီးခန့်အခန်းတစ်ခန်ငှါးလိုက်ပီး ဟန်ယောင်းဘေးမှာဝင်ထိုင်ရန်လုပ်တော့ ဟန်ရှင်းကရောက်လာပီး သူ့ထပ်အရင်နေရာဦးလိုက်တော့သည်။
လီမင်ကတော့ဟန်ယောင်းဘေးမှာထိုင်ရန်လုပ်ပေမယ့် ဟန်ရှင်းကသူ့နေရာကိုတမင်ဖြတ်ယူလိုက်တာမို့စိတ်ရှုပ်သွားပေမယ့်ဘာမှမပြောတော့ပဲ သူတို့နဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တော့သည်။
"စီနီယာ ဘာစားမလဲဗျ ဒီဝိုင်းကိုကျနော်ရှင်းမှာ ကြိုက်တာမှာနော်"
"ရပါတယ် ကိုယ်ရှင်းမယ် မိတ်ဆွေဖြစ်တဲ့အထိန်းမှတ်ပေါ့"
"အဲ့လိုဆိုရင်လဲ စီနီယာသဘောပါ ဒီဆိုင်ကခေါက်ဆွဲအေးက အရမ်းနာမည်ကြီးတယ်"
"ဟုတ်လား ဒါဆိုအဲ့တာပဲစားကြမလား"
"ဟုတ်"
သူတို့စကားဝိုင်းမှာဟန်ယောင်းကတော့ဝင်မပါပဲ ရှေ့ကရေခွက်လေးကိုသာယူသောက်နေသည်။
'ဘာအလိုရှိပါသလဲဗျ'
"အာ ခေါက်ဆွဲအေးသုံးပွဲ ထမင်းလိပ်နဲ့တော့ပုကီရယ် ပီးတော့ဆိုဂျူ ရယ် ဟို ယောင်းလေးသောက်နိုင်တယ်မလား"
လီမင်ကမေးလိုက်တော့ကြောင်တောင်တောင်လေးမော့ကြည့်တာတဲ့ဟန်ယောင်း။

ESTÁS LEYENDO
Save Him(Completed)
Fantasía"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022