ဖီးလစ်(Arc -5.2)

8.6K 739 9
                                    

<Unicode>
"စစ်သူကြီး!သတိထား!"

နေသန်ရဲ့အော်ဟစ်သတိပေးရင်းလက်ထဲကဓားကိုဆွဲထုတ်ကာရေထဲကအရိပ်ဆီသို့ထိုးဆိုက်လိုက်သည်။

"အား!"

"စစ်သူကြီး ဘာဖြစ်သွားသေးလဲ!"

"ရတယ် ဘာမှမဖြစ်ဘူး"

ထို့နောက်နှစ်ယောက်သားရေထဲသို့ကြည့်လိုက်တော့ထိုးစိုက်ခံထားရတဲ့ဓားရဲ့ဘေးပတ်လည်ကသွေးတေအိုင်ထွန်းလာပီး ရေပြင်ပေါ်သို့ခေါင်းလေးထွက်လာသည်။

"ဟင့် ကျနော်ကိုမသတ်ပါနဲ့ ဟင့်!"

"ဟာ!!"

ရေထဲကထွက်လာတဲ့ကောင်လေးရဲ့အသားရည်ကဖြူအုနေပီးတော့မျက်လုံးလေးတေကရွှန်းလဲ့နေသည်။

"ကျနော့်ကိုမသတ်ပါနဲ့ အင့်"

ဖီးလစ်ရေထဲဆင်းကာထိုကောင်လေးဆီသွားလိုက်သည်။ရေကသိပ်မနက်တာမို့ရေလယ်ကသူ့ရင်ဘတ်ဘောက်ထိသာရှိသည်။အနားရောက်တော့မှသေချာကြည့်မိတော့ဓားနဲ့ထိုးစိုက်ထားတာကသူလေးနဲ့ခြေဖုဝါးလေးပင်။

ဖီးလစ်စိတ်မကောင်းဖြစ်သွားပီးဓားကိုဆွဲထုတ်ရန်ကိုင်လိုက်တော့..

"အီးး နာတယ် ဟင့် မသတ်ပါနဲ့ ကျနော့်ကိုမသတ်ပါနဲ့!"

"ဟေး ကိုယ်မင်းကိုမသတ်ပါဘူး မကြောက်နဲ့နော် ကိုယ့်ကိုယုံ"

"မသတ်ပါနဲ့ မသတ်ပါနဲ့!"

တုန့်ရီနေကာထွက်ပြေးဖို့လုပ်နေတဲ့ကောင်လေးကအတင်းရုန်းကန်နေတာကြောင့်ဓားစိုက်ခံထားရတဲ့ခြေထောက်ကသွေးတေထပ်ထွက်လာပီးထိုနားတစ်ဝိုက်ကချက်ချင်းရဲတောက်သွားတော့တယ်။

"ကလေး!မရုန်းနဲ့တော့ ကိုယ့်ကိုကြည့် မရုန်းနဲ့!ရပ်!!!"

"အင့်!"

အော်လိုက်တော့မှလှုပ်ရှားမှုတေရပ်တန့်သွားတဲ့ကလေးငယ်ကကြောက်လွန်းလို့တုန်ရီနေတယ်။ဖီးလစ် သူ​လေးရဲ့ကိုယ်လုံးလေးကိုပွေ့ဖက်လိုက်ကာ တဆက်ဆက်တုန်ရီနေတဲ့နှုတ်ခမ်းအားဖိကပ်ပစ်လိုက်တော့တယ်။သူ့လုပ်ရပ်ကြောင့်ကြောင်အသွားတဲ့ကလေးငယ်ကအာရုံပြန့်နေတုန်း ဓားကိုဆွဲနုတ်ပစ်လိုက်တယ်။

Save Him(Completed)Where stories live. Discover now