ဘင်း(Arc -7.9)

8.1K 657 2
                                    

<Unicode>
လုံနိုးလာတော့စိမ်းသက်တဲ့အိပ်ရာပေါ်တွင်ရောက်နေသည်။

"ဟင်!"

အခန်းရဲ့အပြင်အဆင်အရတည်းခိုခန်းတစ်ခုခုတွင်ဖြစ်မည်။

"ကိုကိုလေး!"

"ဗျာ နိုးပီလားကလေး"

ဗန်းတစ်ခုနဲ့ဝင်လာတဲ့ဘင်းကိုမြင်မှသက်ပြင်းချလိုက်ကာပြုံးပြလာသည်။

"ကိုကိုလေးထားခဲ့ပီထင်နေတာ"

"အား!နာလိုက်တာ"

ရင်ဘတ်ကိုဖိကာနင်ကျင်နေဟန်ရှိတဲ့ဘင်းကြောင့်လုံလန့်သွားကာအချင်းအနားရောက်လာပီး...

"ဘာ ဘာဖြစ်လို့လဲ ကိုကိုလေး ရရဲ့လား"

"မရဘူး ကလေးရဲ့စကားကြောင့်ကိုယ့်နှလုံးသားလေးနာသွားပီ"

"နာနေသေးလားဟင်"

"အနမ်းလေးပေးရင်မနာတော့ဘူး"

"မွ ပေးပီပီနော် မနာပါနဲ့တော့"

"ငတုံးလေး"

"ဟင်?"

"နောက်တစ်ခါအဲ့လိုအတွေးမျိုးမဝင်ရဘူးနော် ကိုယ်ကကလေးနားမှာပဲသေရင်တောင်ဝိဉာဉ်အဖြစ်နဲ့လာနေမှာ နောက်တစ်ခါအဲ့လိုတွေးရင် ကိုယ်သေသွားမလားပဲ"

"တောင်းပန်ပါတယ် ကလေးမတွေးတော့ဘူးနော် ကိုကိုလေးကိုချစ်တယ်"

"လိမ်မာတယ်"

"ဟိုလေ ကိုကိုလေး ကလေးတို့ဘယ်ရောက်နေတာလဲဟင်"

"ကမ်းခြေနားကhotelမှာ"

"ငှါးခကိုဘယ်လိုလုပ်ကြမလဲ ကလေးတို့မှာပိုက်ဆံမှမရှိတာ"

"အဲ့တာကိုစိတ်မပူနဲ့ကလေး ကိုယ်ရှိတယ်လေ"

ဘင်းသူလေးမနိုးခင်ရေအောက်ကိုပြန်ကာတန်ဖိုးကြီးတဲ့ရှားပါးကျောက်နဲ့ပုလဲတချို့ကိုပြန်ယူပီးအားလုံးစီစဉ်ခဲ့တာပင်။ဒီလတော့ဒီhotelမှာပဲခနနေရမှာပင်။အချိန်တန်ရင်တော့သူလေးရဲ့အိမ်ကိုနောက်တစ်ခေါက်ပြန်သွားကြရအုံးမှာလေ။

"အခု ကလေးလုပ်ရမှာကမနက်စာစားမယ် ပီးရင်ကိုယ်ကမင်းကိုစားမယ်"

"ဟာ ကိုကိုလေးကလဲ"

>>>>>>>

တလအကြာ...

Save Him(Completed)Место, где живут истории. Откройте их для себя