မုဟန်(Arc -2.2)

11.6K 898 11
                                    

<Unicode>
စုန့်ရီနိုးလာတော့နေတောင်အတော်မြင့်နေပီ။ဘယ်အချိန်ကဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ပဲ အခုအိပ်ရာပေါ်ရောက်နေသည်။စုန့်ရီအလန့်တကြားထထိုင်လိုက်ပီး...

"ဒုက္ခပဲ ဘုရင့်အိပ်ရာပေါ်ငါရောက်နေတယ် အရှင်တော့စိတ်ဆိုးတော့မှာပဲ မဖြစ်ဘူးအရှင်ပြန်မလာခင် ထွက်သွားရမယ်"

ထို့နောက်ပိုးသားဝတ်ရုံကိုချွတ်လိုက်ကာသေသပ်စွာခေါက်လိုက်ပီး ကုတင်ပေါ်တင်ထားလိုက်တယ်။ပီးတော့မှ တံခါးနားမှာချိတ်ထားတဲ့သူ့ဝတ်ရုံကိုဝတ်ဆင်ပီးအခန်းထဲမှအမြန်ထွက်သွားတော့သည်။

အလျင်လိုနေတဲ့စုန့်ရီက သူ့ရှေ့ကလာနေတဲ့လင်ယိတို့ကိုတောင်မမြင်ပဲ သူ့အဆောင်ကိုရောက်ဖို့သာစိတ်အားထက်သန်နေတာမို့ နှုတ်မဆက်မိပဲကျော်သွားတော့တယ်။ဒါကိုလင်ယိကဒေါသထွက်ပီး...

"ရပ်စမ်း!!"

ထိုအခါမှနောက်ပြန်လှည့်ကြည့်မိတော့သူ့အားမီးတောက်နေတဲ့အကြည့်နဲ့ကြည့်နေတဲ့လင်ယိကိုမြင်ပီး အမြန်ဒူးထောက်လိုက်ကာ...

"မိ မိဖုရား ကျနော်မမြင်လိုက်မိလို့ပါ ရိုင်းပြမိလို့တောင်းပန် အ!"

ရင်ဘတ်တည့်တည့်ကိုအကန်ခံလိုက်တာကြောင့် နှလုံးကအောင့်ကနဲဖြစ်သွားပီး ပက်လက်လဲကျသွားတော့တယ်။ဒါကိုလင်ယိက စုန့်ရီရင်ဘတ်ပေါ်တက်နင်းပီး...

"အပျက်ကောင်!နင်ကဘယ်လောက်လုပ်လုပ်အမှတ်ကိုမရှိဘူး!"

"တောင်းပန်ပါတယ်မိဖုရား ဟင့်"

"တိတ်စမ်း!ကျက်သရေယုတ်အောင်ငိုမနေနဲ့!အားနေမျက်ရည်ပဲကျနေတဲ့ကောင်!သိပ်ငိုချင်နေတယ်မလား ဟက်"

"အား!အ့ ဟင့် မိဖုရား!"

လင်ယိကစုန့်ရီရဲ့လက်ဖမိုးကိုတက်နင်းကာ ကြိတ်ချေနေတာကြောင့်စုန့်ရီနာကျင်လွန်းကာ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

"ကိုယ့်နေရာကိုယ်သိ!နောက်တစ်ခါငါ့ကိုတွေ့ရင်တစ်ခါထဲဒူးထောက်နေပီးသားဖြစ်ပါစေ ကြားလား!!"

"ဟုတ် ကြား ကြားပါတယ် အင့်"

ထိုအခါမှလင်ယိကနင်းထားတဲ့ခြေထောက်ကိုဖယ်ပီးထွက်သွားတော့သည်။စုန့်ရီကတော့ထိုနေရာမှထိုင်လျက်သားနဲ့ နာကျင်နေတဲ့လက်ကိုကိုင်ကာရှိုက်ငိုနေတော့သည်။

Save Him(Completed)Where stories live. Discover now