<Unicode>
(ပြန်လည်ကြိုဆိုပါတယ် host)(အင်း)
(ရမှတ်တေအတွက်ဇယားကိုကြည့်ပေးပါ)
% -14
တတ်မြောက်မှုပညာ -မရှိ
(နောက်ကမ္ဘာအတွက်သင်စရာရှိပါတယ်host)
(ဘာလဲ)
(အုပ်ချုပ်မှုစွမ်းရည်ပါ ရှေ့တံခါးပေါက်ကနေဝင်သွားပေးပါ)
(အင်း)
20နှစ်ခန့်ကြာသော်...
(ပြန်လည်ကြိုဆိုပါတယ်)
(အင်း နောက်ကမ္ဘာသွားရအောင်)
(ဟုတ်ကဲ့ host)
စတင်ပို့ဆောင်နေပါပီ 3.2.1
"မင်းကြီး ကိုယ်လုပ်တော်စုန့်ကိုအပြစ်ပေးတော့မူပါ"
အဆင်တန်ဆာပေါင်းသောင်းခြောက်ထောင်နဲ့မိန်းကလေးက သူမဘေးကကိုယ်လေးကျုံ့ကာရပ်နေသည့်သူအား မဲ့ရွဲ့ကာကြည့်ရင်းပြောလာသည်။
"ဟန့် ကိုယ်လုပ်တော်သားကစာရိတ္တပါပျက်ပြားနေတဲ့သူဖြစ်နေပီ မနက်ကပဲ လင်ယိရဲ့ ဆံထိုးကိုခိုးယူပါတယ် မင်းကြီးကိုယ်တိုင်ဆက်သထားတဲ့ဆံထိုးကို ဒီကိုယ်လုပ်တော်သားကခိုးခဲ့ပါတယ် ဘုရား!"
"ဟင့်အင်း စုန့်စုန့်မခိုးရပါဘူး အရှင်!"
"တောက်စ်!နင်က ငါလိမ်ပြောတယ်လို့ဆိုလိုချင်တာလား ဟမ်!!"
"မ မဟုတ်ရပါဘူး မိဖုရား"
"မင်းကြီး ဒီကောင်ကလင်ယိကိုတောင် ပြန်ခံပြောနေပီ မင်းကြီးအပြစ်ကြီးကြီးပေးတော်မူပါဘုရား!"
သူထိုကောင်လေးကိုကြည့်မိတော့တကိုယ်လုံးတုန်ယင်ကာဖြူဖျော့နေသည်။တုန်ရီနေတဲ့နှုတ်ခမ်းတစ်စုံကဘယ်လောက်တောင်ကြောက်ရွံ့နေမယ်မှန်းသူရိပ်စားမိပါသည်။
"အားလုံးထွက်သွားကြတော့ ငါကိုယ်တော်ဖြေရှင်းလိုက်မယ်"
ထိုအခါမှကျေနပ်သွားတဲ့လင်ယိက ဘေးကကောင်လေးကိုမျက်ခုံးပင့်ပြကာ ပုခုံးအားဝင်တိုက်ပီးထွက်သွားတော့သည်။မင်းကြီးကအပြစ်ပေးပီးတိုင်း ထိုကောင်ကတပတ်လောက်ဖျားသွားနေကြမို့သူကျေနပ်သည်။
YOU ARE READING
Save Him(Completed)
Fantasy"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022