<Unicode>
ဖီးလစ်အော်လိုက်တော့ထိုလူကဘာမှပြန်မပြောတော့ပေမယ့်မကျေမနပ်ဖြစ်နေတာကတော့ သူ့မျက်နှာမှာအထင်းသားပေါ်နေတယ်။"စစ်သူကြီး သူ့အစားကျွန်တော်ကပဲတောင်းပန်ပါတယ် သွေးသောက်ညီကိုတစ်ဦးဆုံးရှုံးလိုက်ရတော့သူလဲစိတ်ထိခိုက်သွားလို့ပါ ပီးတော့ဂျိန်းနဲ့သူကသူငယ်ချင်းလဲဖြစ်နေတော့..."
"ဆက်သွားကြမယ်!!"
ဖီးလစ်အမိန့်ပေးလိုက်တော့အားလုံးကပစ္စည်းတေသိမ်းကာခရီးဆက်ကြပြန်တယ်။ဒီလိုနဲ့တောစပ်ကိုရောက်လာတော့အားလုံးရပ်သွားကြတယ်။အကြောင်းမှာထိုတောအုပ်ထဲကအလွန်လှပတဲ့မိန်းကလေးတစ်ဦးကထွက်လာတာကြောင့်ပင်။
ထိုမိန်းကလေးကသူတို့ကိုမြင်တော့ရှက်ပြုံးလေးပြုံးရင်း...
"ဒီကသံချပ်ဝတ်စုံနဲ့အကိုကြီးတို့က ဘာကိစ္စရှိလို့လဲဟင်"
ပျားရည်လိုချိုလွန်းတဲ့အသံကြောင့်ယောက်ျားသားတို့မှာနဂိုအကျင့်စရိုက်ဖြစ်တဲ့ တနှာရူးချင်တဲ့အကျင့်ကပေါ်လာပါလေရော။ထိုအထဲတွင်ဖီးလစ်နဲ့နေသန်တော့မပါ။
"အကိုကြီးတို့ကဒီတောအုပ်ထဲကမကောင်း...အဲ နတ်ဆိုးကိုနှိမ်နင်းဖို့လာတာပါ"
"အို အဲ့လိုလား အဝေးကြီးကနေလာရတာပင်ပန်းနေမှာပဲ ကျွန်မအိမ်မှာလိုက်နားပါလား"
"မလိုဘူး!!"
ပြောလိုက်သူကနေသန်ပင်...
"ငါတို့သွားစရာရှိတယ် နှောင့်နှေးလို့မဖြစ်ဘူး"
"အဟင်း ဟင်း သူရဲကောင်းကြီးတို့ကအားမနာကြပါနဲ့ ကျွန်မကတစ်ယောက်ထဲနေတာပါ လိုက်ခဲ့လို့ရပါတယ်"
"မင်းကဒီတောအုပ်ထဲမှာတစ်ယောက်ထဲနေတာဆိုတော့လူမှဟုတ်ရဲ့လား?"
"ရှင်!"
ဖီးလစ်အမေးကြောင့်သူမဟာမျက်နှာပျက်သွားတော့သည်။သို့ပေမယ့်ပြန်ထိန်းလိုက်ကာ...
"ကျွန်မကလူမဟုတ်လို့ဘာဖြစ်ရမှာလဲ အဟင်း"
"မသိပါဘူး ကဝေများလားလို့ပေါ့"
"ဘယ် ဘယ်ကသာ မဟုတ်ရပါဘူး ကျွန်မက ကဝေနဲ့တူနေလို့လား"
'ဟုတ်သားပဲစစ်သူကြီးရာ ဒီလောက်လှတဲ့မိန်းကလေးက ကဝေဖြစ်စရာလား ဖြစ်ချင်းဖြစ်သူယောင်မယ်လေးပဲနေမှာ'
![](https://img.wattpad.com/cover/317593475-288-k868458.jpg)
VOCÊ ESTÁ LENDO
Save Him(Completed)
Fantasia"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022