<Unicode>
တိမ်တိုက်အရူးမီးဝိုင်းဖြင့်အောက်ထပ်သို့ပြေးဆင်းလာတော့သည်။သူလေးနာမည်ကိုအသံကုန်အော်ခေါ်ပစ်ချင်ပေမယ့်ဆို့တက်လာတဲ့ဝမ်းနည်းမှုကသူ့အားအသက်ရှူခက်အောင်လုပ်နေသည်။ဂလွမ်!
ရုတ်တရက်မီးဖိုချောင်ဘက်မှကြားလိုက်ရတဲ့အသံကြောင့်အမြန်ပြေးသွားကြည့်မိတော့...
"ကလေး!!"
"ကို ကိုကိုလေး!"
သူလေးကကြွက်ပေါက်လေးတစ်ကောင်လိုညဘက်ကြီးမုန့်လာခိုးစားနေတာပင်။လက်ထဲကမုန့်ထုတ်တေရယ် ပြန့်ကျဲနေတဲ့သစ်သီးပန်းကန်ရယ်ကြောင့်တိမ်တိုက်တစ်ခုခုကိုပြန်သတိရသွားသည်။
ဒီပုံရိပ် သူသိပ်မှတ်မိတာပေါ့ အဲ့နေ့ကသူလေးကသူ့ခွင့်ပြုချက်မရှိပဲအပြင်ထွက်တာကြောင့်အပြစ်ပေးတဲ့အနေနဲ့ညစာမစားပဲအိပ်ခိုင်းခဲ့တာ အဲ့တာကြောင့်သူလေးကဗိုက်ဆာကာမနေနိုင်တော့ပဲမုန့်ခိုးစားရင်သူမိသွားခဲ့သည်။အဲ့အတွက်ထပ်ဆင့်လောင်းအပြစ်ပေးသည့်အနေနဲ့တညလုံးကြမ်းပြင်ပေါ်ဒူးထောက်ခိုင်းခဲ့သည်။
တိမ်တိုက်ပြန်တွေးရင်းရင်ထဲတင်းကြပ်ကာသူ့ပါးသူတစ်ချက်ရိုက်ပစ်လိုက်သည်။
"ကိုကိုလေး လေ လေပြည်ကလေ.."
"ကလေး"
"အီးဟီး ကိုကိုလေး လေပြည်မှားမှန်းသိပါပီ အပြစ်မပေးပါနဲ့ လေ လေပြည်ဗိုက်အရမ်းဆာလာလို့ မနေနိုင်တော့လို့ ခိုးစားမိတာပါ ကြောက်ပါပီ အီးးဟီး"
"ကလေးရာ"
ဒူးလေးထောက်ကာတသိမ့်သိမ့်ငိုနေတဲ့ကလေးငယ်ကြောင့်ရင်ကွဲရပြန်တယ်။
*တောက်စ်!တိမ်တိုက် မင်းကွာ!!*
"ကလေး ကိုယ့်ကိုကြည့်"
မျက်ရည်စလေးတေနဲ့မော့ကြည့်လာတဲ့ကလေးငယ်..
"ကိုယ်ကလေးကိုအခုချိန်ကစပီးထိခိုက်အောင်မလုပ်တော့ဘူး အရင်ကကိုယ့်ရဲ့အသုံးမကျတဲ့အမှားတေအတွက်တောင်းပန်ပါတယ်"
"ကိုကိုလေး!!"
"ကိုယ်ပြောတာနားထောင်ကလေး ကိုယ်ကလေးကိုချစ်တယ် အရင်ကသတ္တိမရှိပဲ သူရဲဘောကြောင်ပီး အဓိပ္ပါယ်မရှိတာတေပဲကိုယ်လုပ်ခဲ့မိတယ် အဲ့တာအတွက်ကိုယ်တောင်းပန်ပါတယ် ကိုယ်လိုလူမျိုးကကလေးနဲ့မထိုက်တန်မှန်းသိပေမယ့် အရှက်မရှိတောင်းဆိုပါရစေ ကိုယ့်နားကထွက်မသွားပါနဲ့ ကိုယ့်ကိုမထားခဲ့ပါနဲ့ကလေးရယ်"
![](https://img.wattpad.com/cover/317593475-288-k868458.jpg)
YOU ARE READING
Save Him(Completed)
Fantasy"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022