မုဟန်(Arc -2.6)

11.7K 873 15
                                    

<Unicode>
"ဘာ!!"

"ဟုတ်တယ်အဖေ ဒီမနက်ကအဲ့ကောင်ကိုခါတိုင်းလိုပဲ ပညာပေးလိုက်တာ အဲ့တာမင်းကြီးကချက်ချင်းပဲသမီးကိုခေါ်ပီးအပြစ်ပေးတာ ပီးတော့ပြောသေးတယ် သူကစုန့်ရီကိုချစ်တယ်တဲ့"

"မဖြစ်နိုင်တာ ဒီလောက်အပျော်ပါးမက်ပီးပျက်စီးနေတဲ့ကောင်ကငါ့သမီးကိုမှသည်းသည်းလှုပ်နေပီးတော့များ အရင်ကတော့သူကိုယ်တိုင်နှိပ်ဆက်နေပီးတော့ အခုတော့သူ့ကြောင့်ငါ့သမီးကိုခုလိုလုပ်တယ်ပေါ့လေ မနက်ကမတက်စဖူးညီလာခံလာတက်ပီး တောင်ပိုင်းကပုန်ကုန်မှုတေကိုစစ်ဆေးနေလို့ မယုံနိုင်ဖြစ်နေတာ"

"ဟုတ်တယ် အဲ့တာကြောင့်သမီးလဲမယုံနိုင်ဖြစ်နေတာ သူဘာလို့နေ့ချင်းညချင်းကြီးပြောင်းလဲသွားတာလဲမသိဘူး အဲ့လိုသာဆိုအဖေရောသမီးရော အနေစားမချောင်တော့ဘူးနော် အဖေဖြုန်းထားတဲ့ပစ္စည်းတေကဘုရင့်ဘဏ္ဍာတိုက်ရဲ့တစ်ဝက်လောက်ရှိနေပီ"

"နင်လဲမသုံးလို့လား ငါအဖေကြီးကိုလွှဲချမနေနဲ့"

"ကဲ့ပါအဖေရယ် သမီးတို့အခုဘာလုပ်ရမလဲ သမီးကတော့ဟိုကောင့်ကိုမသင်္ကာဘူး သူမင်းကြီးကိုအောက်လမ်းတေဘာတေများသုံးထားတာလားမသိဘူး"

"ဖြစ်နိုင်တယ် အဲ့လိုသာဆိုအဲ့ကောင်မလွယ်ဘူး ဒီနိုင်ငံမှာအောက်လမ်းကိုဘယ်လောက်တားမြစ်ထားလဲသိတယ်မလား ငါတို့သာအဲ့ကောင်အကြောင်းဖော်ထုတ်နိုင်ရင် အရင်နေရာလဲပြန်ရမယ် အဲ့ကောင်ကိုလဲရှင်းပီးသားဖြစ်မယ်"

"သိပ်ကောင်းတဲ့အကြံပဲ အဖေ ဒါပေမယ့်အောက်လမ်းသုံးထားတာမဟုတ်ရင်ရော"

"မဟုတ်ရင် ဟုတ်အောင်လုပ်ရမှာပေါ့ ဟက်"

"အဟင်းဟင်း"

သားအဖနှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာယုတ်မာစွာပြုံးလိုက်သည်။ထိုအကြံကသူတို့ကိုငရဲပို့မယ့်အကြံဆိုတာသိရင်သူတို့နောင်တရမိမှာပင်။

>>>>>>>>

တစ်လအကြာ....

"စုန့်စုန့်လေး"

"အင်းး"

မျက်မှောင်လေးကျုံ့ကာတစ်ဖက်ကိုလှည့်အိပ်သွားတဲ့ကောင်လေးကသူအိပ်နေတာကိုနှိုးရင်လုံးဝမကြိုက်ပါ။

Save Him(Completed)Donde viven las historias. Descúbrelo ahora