Real Life

8.7K 647 1
                                    

<Unicode>
နာရီဝက်ကြာတဲ့အထိသွားရမလားမသွားရဘူးလားစဉ်းစားရင်းနောက်ဆုံးမသွားဖို့ဆုံးဖြတ်လိုက်သည်။

"ကိုကိုလေး"

အခန်းထဲဝင်လာတဲ့အကောင်ပေါက်လေးကအိမ်နေရင်းဝတ်သည့်စပန့်သားအပြာရောင်ဝမ်းဆက်ကလေးနဲ့အသည်းယားစရာကောင်းနေသည်။တိမ်တိုက်အားဆေးတွေ့သွားသည့်အလား ချက်ချင်းအနားရောက်သွားကာခါးလေးအားသိုင်းဖက်လိုက်သည်။

"အောက်မှာဧည့်သည်ရောက်နေတယ် ကိုကိုလေး"

"ဘယ်သူလဲ"

"မသိဘူး bossကိုလာခေါ်တာလို့ပြောပေးပါတဲ့"

*ကျစ် ဒီကောင်ကွာ*

"ကိုယ်မရှိဘူးလို့ပြောလိုက်"

"အယ် လေပြည်ကရှိလို့ပြောပီးပီ သွားတွေ့လိုက်ပါကိုကိုလေးရဲ့"

"အင်းပါ ကလေး"

နှစ်ယောက်သားအောက်ထပ်ဆင်းလာတော့ဧည့်ခန်းမှာငုတ်တုတ်လေးထိုင်နေတဲ့ဝေယံ။

"boss ကျနော်လာကြိုလာပါ"

"ငါမလိုက်ဘူး မင်းဘာသာကြည်လုပ်လိုက်တော့"

"bossကျနော်ပြောပီးပီလေဗျာ"

"အဆင်မပြေလဲဖျက်သိမ်းပါစေပေါ့ကွာ ငါမလိုက်ချင်ဘူး"

"ဘာဖြစ်လို့လဲဗျာ"

"ကျစ် လျှာကိုရှည်တယ် သွားမင်းဘာသာကြည်လုပ်ခဲ့"

ဝေယံမှာစိတ်ညစ်သွားကာခေါင်းကိုတဗြင်းဗြင်းကုပ်ပါလေရော။

"ဟို ဘယ်ကိုသွားကြမလို့လဲဟင်"

"showroomကိုပါ အကိုလေးရယ် ဒီတစ်ခါရောက်တဲ့ဒီဇိုင်းတေကအရမ်းဈေးကြီးတော့bossကိုယ်တိုင်လုပ်မှအဆင်ပြေမှာ အဲ့တာကိုမလိုက်ဘူးပဲငြင်းနေတယ်"

"အလုပ်ရှိတာလား သွားလေကိုကိုလေးရဲ့"

"အရေးမကြီးပါဘူးကလေးရဲ့ ကိုယ်ကကလေးနားမှာနေချင်လို့"

"လိုက်ခဲ့ပါbossရယ် ကျနော်ရှိကြီးခိုးပါရဲ့ အကိုလေးကူပြောပါအုံး"

ဝေယံကစစ်ကူခေါ်တော့လေပြည်လဲမနေသာတော့ပဲဝင်ပါရပြန်တယ်။

Save Him(Completed)Where stories live. Discover now