ကားဗတ်(Arc -3.3)

9.8K 791 18
                                    

<Unicode>
"အိုးဟိုး အိမ်ကြီးကအကြီးကြီးပဲနော်ဒါလင် ဒီအိမ်ကြီးသာဆူဇီတို့အပိုင်ဖြစ်ရင်သိပ်ကောင်းမှာပဲ ဟက်"

"သိပ်မကြာခင်မင်းလဲဒီအိမ်နဲ့သက်ဆိုင်သွားတော့မှာပါ အဟက်!"

"ဒါလင် တကယ်ပြောနေတာလား"

"ဒါပေါ့"

"အဲ့ဒါကြောင့်ဒါလင့်ကိုချစ်နေရတာ"

သူ့ကိုလှမ်းဖက်ဖို့လုပ်တဲ့ဆူဇီကြောင့်ဘေးကိုအသာရှောင်လိုက်တော့ သူမကဟန်ချက်ပျက်ပီးမှောက်ယက်လဲကျသွားတော့သည်။

ဘုတ်..

"ဒါလင်!"

"sry ကိုယ်ချွေးတေအရမ်းထွက်နေလို့မင်းကိုညစ်ပတ်ကုန်မှာဆိုးလို့ မင်းအတွက်အခန်းစီစဉ်ပေးမယ်"

"ဒါလင်ကလဲ ဆူဇီ ဒါလင့်အခန်းမှာပဲနေမယ်လေ အရင်ကလဲနေနေကြကို ဆူဇီကဒါလင့်အထိတွေ့လေးမှမရရင်အိပ်မပျော်တာသိသားနဲ့ကို အဟင့်"

"ဒါသူများအိမ်လေ ကိုယ်တို့အရင်လိုမှနေလို့မဖြစ်တာ ခနပဲသည်းခံပေးကွာ သိပ်မကြာခင်မင်းကဒီအိမ်ရဲ့သက်ဆိုင်သူဖြစ်သွားတော့မှာလေ"

"ဟုတ်ပါပီ ဆူဇီတော့အထီးကျန်တဲ့ညတေကိုဖြတ်သန်းရတော့မယ် ဟင့်"

*ရေခဲ့သေတ္တာထဲကခရမ်းသီးတေကိုသိမ်းထားမှဖြစ်တော့မယ် ဟူးး*

>>>>>>

"ကလေးရေ မွန်းလေး"

ပြန်ထူးသံမကြားတာကြောင့်ညစာဗန်းကိုကိုင်ကာတံခါးကိုတွန်းဖွင့်လိုက်တော့ ကုတင်ပေါ်မှာရှိမနေပေ။ကားဗတ်ဗန်းကိုစားပွဲပေါ်တင်ကာရေချိုးခန်းထဲဝင်ရှာကြည့်ပြန်တော့လဲမတွေ့။တစ်ခန်းလုံးအနှံ့လှည့်ပတ်ရှာပေမယ့်မတွေ့တာကြောင့်ကားဗတ်ထူပူလာသည်။

"ကလေး!ကလေးရေ ဘယ်မှာလဲ!မွန်း ကလေးလေးရေ"

"ဟင့်"

ထပ်ခိုးထပ်မှငိုရှိုက်သံလေးကြောင့် ထပ်ခိုးပေါ်တက်သည့်လှေကားလေးအားယူကာတက်သွားကြည့်တော့ အလင်းရောင်တစ်စွန်းတစ်စလေးသာရှိနေတဲ့ထပ်ခိုးခန်းက ထောင့်လေးမှာကျုံ့ကျုံ့လေးထိုင်နေတဲ့ချစ်ရသူလေး။

Save Him(Completed)Tempat cerita menjadi hidup. Temukan sekarang