<Unicode>
(ခြေထောက်ရဖို့ဆိုရင် ငါကမှတ်ဉာဏ်နေပေးလိုက်ရမှာပေါ့ အဲ့တာဆိုဘယ်လိုဖြစ်သွားမှာလဲ)(အရာအားလုံးကိုမေ့သွားမှာပါ သူ့ကိုရောပဲ hostရဲ့မှတ်ဉာဏ်ကကယ်တင်ရှင်လူသားဖို့ရှာဖို့တစ်ခုထဲပဲမှတ်မိနေမှာ)
(.....)
(ဒါကနောက်ဆုံးကမ္ဘာဖြစ်တာကြောင့်ခက်ခဲပါတယ် ဒီကမ္ဘာမှာသူ့ကိုမမှတ်မိပဲ သူ့ကိုကယ်တင်ရမှာဖြစ်လို့ အရေးကြီးပါတယ် hostသာရှုံးသွားရင် သူ့ကိုထာဝရဆုံးရှုံးရမှာပါ)
(ငါအဲ့လိုအဖြစ်မခံဘူး!ငါ့အချစ်ကိုငါယုံကြည်တယ် သူ့ကိုရအောင်ကယ်တင်မယ်!)
(ဒါဆို ဇာတ်လိုက်ကိုကယ်တင်ပါhost)
*ဘင်းလို့ပဲသုံးပါတော့မယ်*
ဘင်းအသက်ကိုဝဝရှူလိုက်တာဆုံးဖြတ်လျက်ကိုချလိုက်တယ်။ထို့နောက်ရေသူငယ်လေးတေအား...
"ငါလုပ်မယ်!"
"သေချာရဲ့လားမင်းသားငယ်"
"အင်း"
"ဒါဆို အပေးယူအတွက်ဒီလော့ကပ်သီးပေါ်ကိုသွေးတစ်စက်ချပေးပါ"
ခရုခွံဆွဲသီးလေးကိုရှေ့တိုးပေးကာပြောလာတာကြောင့်သူ့လက်သူကိုက်ဖောက်လိုက်ကာသွေးတစ်စက်ကျစေသည်။ထို့နောက်တွင်ခရုခွံလေးကအရောင်တေထွက်လာပီးသူ့ကိုယ်ထဲစီးဝင်သွားသည်။
"ဒါလေးကိုကိုယ်နဲ့မကွာဆောင်ထားပါမင်းသားငယ် ကုန်းပေါ်ရောက်တာနဲ့မင်းသားကလူသားဖြစ်သွားပါလိမ့်မယ်"
"ကောင်းပီး"
"နောက်ပီး မင်းသားငယ် ဒီဆွဲသီးလေးကိုမပျောက်ပါစေနဲ့ ကိုယ်နဲ့ကွာသွားပီဆိုရင်အစွယ်ပြယ်ပီးနဂိုပုံစံအမြှီးပြန်ပြစ်သွားပါလိမ့်မယ် အဲ့တော့ဒါလေးနဲ့ဆွဲထားပါ"
သူ့လက်ထဲကခရုခွံလေးကိုပြန်ဆွဲယူကာကြိုးလေးဖြင့်သီပေးလေသည်။
"ကံကောင်းပါစေ မင်းသားငယ်"
ဘင်းရေအောက်မှရေပြင်ပေါ်သို့ကူးခတ်သွားလိုက်သည်။ကမ်းစပ်ကိုရောက်တော့ကျောက်ဆောင်နောက်တွင်ကွယ်ကာလောကပ်သီးလေးကိုဆွဲလိုက်သည့်တစ်ခနမှာပဲသူ့ရဲ့အမြှီးဟာအရောင်တေတစ်လက်လက်တောက်လာပီးခြေထောက်အသွင်ကိုကူးပြောင်းသွားတော့သည်။
YOU ARE READING
Save Him(Completed)
Fantasy"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022