Real Life

9.7K 695 9
                                    

<Unicode>
တစ်ပတ်ကြာသော်......

"ကလေးရေ!ကလေး!"

ညသန်းခေါင်ကြီးတမ်တိုက်ရဲ့အသံဟာအိမ်ကြီးထဲတွင်ဟိန်းထွက်လာတာကြောင့်အပေါ့သွားနေတဲ့လေပြည်မှာလန့်ဖြန့်သွားရတော့သည်။

"လာပီ ကိုကိုလေး လာပီ!"

ဘောင်းဘီအမြန်ပြန်ဝတ်လို့အသံပေးရပြန်သည်။

"ကလေး!"

ထွက်လာတဲ့သူ့ကိုမြင်သည်နှင့်ချက်ချင်းပြေးဖက်ကာ...

"ကိုယ့်ကိုထားခဲ့ပီထင်နေတာ"

တိမ်တိုက်တစ်ကိုယ်လုံးဟာသိသိသာသာတုန်ယင်နေပီးအသံဟာလဲအက်ကွဲနေသည်။

"တောင်းပန်ပါတယ် ကိုကိုလေး လေပြည်ရှူးအရမ်းပေါက်ချင်လာလို့ပါ"

"ကိုယ့်ကိုနိုှးရောပေါ့ကလေးရယ် ကိုယ်အရမ်းလန့်သွားတာ"

"ကိုကိုလေးကနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတော့ လေပြည်မနှိုးရက်လို့ပါ"

ဒီရက်ပိုင်းတိမ်တိုက်ဟာသူ့ကိုမျက်စိအောက်ကအပျောက်မခံဘူး။အိမ်သာသွားရင်တောင်မူကြိုကလေးလိုသူ့ကိုခွင့်တောင်းရတဲ့အဖြစ်။ခနလေးသူ့ရှေ့ကပျောက်သွားတာနဲ့ မိခင်ပျောက်သွားတဲ့ကလေးငယ်ကိုသူ့အားတဆာဆာခေါ်ပီးအိမ်ပေါ်အိမ်အောက်လိုက်ရှာတတ်သေးသည်။သူဟာတိမ်တိုက်နားကထွက်သွားမယ့်လူမျိုးမဟုတ် သွားစရာမရှိလို့မဟုတ်ပဲ တိမ်တိုက်နားမှာသာနေချင်တာကြောင့်ပေ။အဲ့ဒါကြောင့်လဲတစ်သက်လုံး တိမ်တိုက်နားမှာခိုင်းသမျှလုပ်ပီးပေကပ်နေခဲ့တာလေ။အခုလိုသူ့အားမျက်စိအောက်ကအပျောက်မခံဖြစ်နေတာကိုပျော်ပေမယ့် ပူဆွေးသောကရောက်နေတဲ့သူ့ရဲ့မျက်နှာလေးဟာလေပြည့်ကိုစိတ်မကောင်းဖြစ်စေတယ်။

"ပြန်အိပ်ရအောင်နော်ကိုကိုလေး"

"အင်းကလေး"

အိပ်ရာပေါ်နှစ်ယောက်သားပြန်တက်လို့ တိမ်တိုက်ဟာလေပြည်ရဲ့ခန္တာကိုယ်လေးကိုခပ်တင်းတင်းဖက်ထားတာကြောင့်အသက်ရှူကြပ်ပေမယ့် တိမ်တိုက်စိတ်အေးစေဖို့အရေးငြိမ်နေပေးလိုက်သည်။

"နောက်တစ်ခေါက်အပေါ့သွားရင်ပဲဖြစ်ဖြစ် ထတော့မယ်ဆိုရင်ကိုယ်ကိုနှိုးနော်ကလေး"

Save Him(Completed)Where stories live. Discover now