<Unicode>
မနက်စာဝိုင်းကာတိတ်ဆိတ်လျက်လေပြည်မှာမျက်နှာကြီးရဲပီးခုထိနေရခက်နေတုန်းပင်။"ကလေး"
"ဗျ ဗျာ"
"ကိုယ်ကလေးကိုချစ်တယ်လို့"
"ဟုတ်"
"ဘာဟုတ်လဲ ကိုယ်ကလေးကိုချစ်ပါတယ်ဆို ကလေးကလဲချစ်ပါတယ်လို့ပြန်ပြောလေ"
"ဗျာ?"
"ကိုယ့်ကိုချစ်လားဟင်"
"ဗျာ!"
"ဗျာကိုခနထား ကိုယ့်ကိုချစ်လားလို့"
"ဟို ဟိုလေ အဲ့တာက"
"ကလေး ကိုယ့်ကိုချစ်လား မချစ်ဘူးလား ဒါပဲဖြေ"
"ချစ် ချစ်ပါတယ်"
"ဒါဆိုကိုယ်တို့ချစ်သူဖြစ်သွားပီနော်"
"ဗျာ!"
"အား ကိုယ့်ကိုအသည်းယားအောင်လုပ်နေတယ်ကွာ"
"ကိုကိုလေး"
"ဟင် ကလေးပြောလေ"
"လေ လေပြည်ကိုကိုလေးနဲ့ချစ်သူမလုပ်ချင်ဘူး"
"ဘာ!?"
"လေပြည်ကိုကိုလေးကိုမချစ်.."
"တိတ်စမ်း!"
စားပွဲအားထုချလိုက်ပီးချက်ချင်းခက်ထန်သွားတဲ့တိမ်တိုက်ကြောင့်လေပြည်ကြောက်လန့်သွားသည်။
"မင်းငါ့ကိုပဲချစ်ရမယ် ငါ့နားမှာပဲနေရမယ်!"
"ဟင့်အင်း"
"လေပြည်ဦး!!!"
"အူးဝါးး"
တိမ်တိုက်ဟာဘယ်တုန်းကမှသူ့ကိုနာမည်အပြည့်စုံခေါ်ပီးမအော်ခဲ့ဖူးပါ။အခုတိမ်တိုက်ကအံကိုတင်းတင်းကြိတ်လို့စိတ်မလွတ်သွားအောင်ထိန်းထားသည့်နှယ် မျက်လုံးဟာရဲရဲတောက်နေသည်။သို့ပေမယ့်သူလေးရဲ့မျက်ရည်တေကိုမြင်တော့...
"ကလေး ဘာလို့ကိုယ်နဲ့မနေချင်တာလဲဟင် ကိုယ်ဘာမှားလို့လဲ ကိုယ့်ကိုပြောလေ ကလေးစိတ်တိုင်းကကိုယ်ပြင်ပေးမယ်လေနော် ကလေးနော်"
ချက်ချင်းလေသံပျော့သွားကာမျက်ဝန်းတေဟာလဲစိုစွတ်လာတော့သည်။အပြောင်းလဲမြန်လွန်းတဲ့သူ့ကိုလေပြည်ကြောင်အစွာကြည့်နေမိတော်သည်။
YOU ARE READING
Save Him(Completed)
Fantasy"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022