<Unicode>
"တိတ်ပါကွာ တိတ်ပါတော့ကလေးလေးရယ် ကိုယ့်အမှားပါနော် ကိုယ်ကလေးကိုပစ်ထားခဲ့မိတယ် ကိုယ့်အပြစ်ပါကွာ"ကားဗတ် မွန်းလေးမျက်နှာပေါ်ကမျက်ရည်စီးကြောင်းလေးများကိုထိကြည့်တော့ အေးစက်စက်ပါးပြင်လေးကိုခံစားမိတာကြောင့်ဝမ်းနည်းသွားပေမယ့် ထိတွေ့လို့တော့ရနေတာကြောင့်ပျော်ရွှင်ရပြန်သည်။
"ဟင့် ဟင့်"
ဂွီ...
အစာအိမ်ကမြည်လာတဲ့အသံလေးကြောင့် ထိုအကောင်ပေါက်လေးကမော့ကြည့်လာတော့ ကားဗတ်စိတ်မကောင်းဖြစ်သွားသည်။
"ကလေးဗိုက်ဆာနေပီလား ဘာစားချင်လဲ"
"spakati"
"ဟုတ်ပီ ကိုယ်လုပ်ပေးမယ်နော်ငါးမိနစ်ပဲစောင့်"
"လိုက်မယ်"
"ဟင်?"
"အတူလိုက်မယ်လို့"
"အော် လာလေ ကိုယ်ချီမယ်"
ကားဗတ်ချီမလို့လုပ်တော့မှထိုကလေးဝတ်ထားတာကိုသေချာတွေ့တော့သည်။သူချွတ်ထားတဲ့အပေါ်ကုတ်ကိုထိုကလေးကဝတ်ဆင်ထားတာပင်။ဒါပဲ သူ့ကိုယ်ပေါ်ကအဝတ်စားကကုတ်တထည်ပဲရှိတယ် boxerတောင်မပါဘူး။
"ဂလု!ကလေး အဝတ်စားအရင်ဝတ်ရအောင်"
"ဟင့်အင်း ပီးရင်ပြန်ချွတ်ရမှာပဲကို"
"ဟင်!!!"
ကားဗတ်တကိုယ်လုံးကြက်သီးများထကာအလန့်တကြားပြန်မေးတော့..
"ဘာ ဘာဖြစ်လို့လဲ စည်းကမ်းထဲမှာမအိပ်ခင်ရေချိုးရအုံးမှာလေ အဲ့ကျရင်ပြန်ချွတ်ရအုံးမှာ"
"အော် အဟမ်း အဟင်း ဟုတ် ဟုတ်တာပေါ့ ဒါပေါ့ ကိုယ်ညစာလုပ်ပေးမယ်နော်"
ကားဗတ်မီးဖိုခန်းထဲဝင်ကာ ထမင်းစားပွဲတွင်မွန်းအားချပေးပီးညစာကိုပြင်ဆင်လိုက်သည်။မီးဖိုခန်းနဲ့ထမင်းစားခန်းက တဆက်ထဲဖြစ်ပီး အပြင်ဆင်ကအရမ်းကိုမှအဆင့်တန်းမြင့်လွန်းသည်။အိုးခွက်ပန်းကန်တေကအစအနုစိတ်လက်ရာတေနဲ့အလွန်ဈေးကြီးမှန်းသိသာသည်။ကြည့်လိုက်တာနဲ့ဘယ်လောက်ချမ်းသာတယ်ဆိုတာခန့်မှန်းစရာတောင်မလို။
VOUS LISEZ
Save Him(Completed)
Fantasy"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date -8.9.2022