"သို့ ..... အတိတ်က ..... " အပိုင်း(၄)

421 32 0
                                    

ကျောင်းပိတ်ရက်မို့ မေဆူးနဲ့နေခြည်က တေးတေးအိမ်မှာ စာလာလုပ်ရင်း နေ့လယ်စာ စားပြီး တေးတေးအခန်းထဲ အအေးသောက် လက်ဖက်စားနဲ့အချိုပွဲတည်နေလေတဲ့ သူငယ်ချင်းနှစ်ယောက်။ နေ့တိုင်းတွေ့နေရလည်း ပိတ်ရက်တိုင်းနီးပါး တေးတေးအိမ်မှာစတည်းချတတ်ပြီး တေးတေးအမေ ဒေါ်ယဉ်နွယ်ချက်ကျွေးသမျှ၊ ချကျွေးသမျှကို ဒိုင်ခံအားပေးကြပါတဲ့ သူငယ်ချင်းနှစ်ယောက်။ အမေကလည်း သမီးရဲ့သူငယ်ချင်းဆိုပေမဲ့ သမီးတွေလိုသဘောထားသလို သူချက်ကျွေးသမျှ အားရပါးရ အားပေးတတ်တဲ့ အဲ့နှစ်ယောက်လာတိုင်း မရိုးနိုင်အောင် ချက်ပြုတ်ကျွေးနေရတာကို ပျော်နေတတ်သူ။ မိသားစုနည်းလို့ တေးတေးရဲ့မိဘတွေကလည်း မိတ်ဆွေအပေါင်းအသင်းတွေကိုဆို သိပ်ခင်တတ်ပြီး ဧည့်ဝတ်ကျေချင်ကြတဲ့သူတွေ။

တေးတေးအခန်းထဲက စာပွဲဝိုင်းလေးပေါ်မှာက အအေးတွေ လက်ဖက်တွေ စားစရာတွေ အပြည့်နဲ့မို့ စာအုပ်တွေကို ခင်းထားတဲ့ဖျာလေးပေါ် ခဏချထားရတယ်။ စားပွဲဝိုင်းမှာ ဝိုင်းထိုင်ပြီး အချိုတည်းနေကြရင်းက အအေးသောက်နေတဲ့ တေးတေးကို မေဆူးက မမှိတ်မသုန် မေးထောက်ကြည့်နေရင်းက......

"တေးတေး နင် အစ်မတိမ်လွှာဖြူကို ကြိုက်နေတာလား" ဆိုတဲ့ ရုတ်တရတ်ကြီးထမေးတဲ့ မေဆူးရဲ့စကားကြောင့် သောက်လက်စ အအေးတွေ ဖူးခနဲ ရှေ့က နေ့ခြည့်မျက်နှာ သွားစင်လို့.....

"ဟာ....  တေးတေးရာ၊ အကုန်စင်ကုန်ပြီ။ မေဆူး နင် ကလည်း ဘာမှန်းမသိဘူး ဘာတွေမေးနေမှန်းကိုမသိဘူး.... ဒီအချိန်ကြီးမေးရလား....." လို ပွစိပွစိပြောရင်း တစ်သျှူး တွေယူပြီး စောင့်အောင့်သုတ်နေလေရဲ့။

မျက်လုံးပြူးကြီးနဲ့ ကြည့်နေတဲ့ ကိုယ့်ကို......

"တကယ်မေးတာ.... နင့်မျက်လုံးတွေက.... အစ်မတိမ်လွှာဖြူကို ကြည့်တဲ့ပုံတွေက ငါ့အစ်ကိုဝမ်းကွဲ ကြည့်တဲ့ မျက်လုံးတွေနဲ့ တစ်ပုံစံတည်းပဲ... လိုတာထက်ပိုပြီးလည်း ပြုံးနေတတ်သေးတယ်... အစ်မတိမ်လွှာဖြူ တစ်ခုခုဆို နင်ကပျာယာတွေကိုခတ်လို့....  နင့်စိတ်ဘယ်လိုဖြစ်ဖြစ်ပါ ငါတို့ကလက်ခံတယ်.. နော့် နေခြည်ရာ..." ဆိုပြီး နေခြည့်ကို တံထောင်နဲ့ တွတ်ပြီး ပြောလိုက်တာကို နေခြည်က ခေါင်းအသာငြိမ့်ပြတယ်။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now