"သို့.....အတိတ်က..... " အပိုင်း (၁၄)

416 27 0
                                    


ကံတရားကြီးက လင်းမြတ်နောင် ကိုမျက်နှာသာပေးချက်များတော့ အသည်းကွဲပြီး စိတ်လေလို့မှ ခရီးထွက်လာပါတယ်ဆို ထွက်တဲ့ခရီးမှာ အချစ်ငှက်နှစ်ကောင်နဲ့ လာတိုးနေရပြန်ပါပြီ။

တို့ဟူးနွေးနှစ်ပန်ကန်ကိုမှ ကိုယ့်အတွက် အရင်မနယ်ဘဲ အစ်မတိမ်လွှာအတွက်အရင်နယ်ပေးနေပြီး အစ်မတိမ်လွှာစားတာကို စောင့်နေပြီး အရသာအဆင်ပြေမပြေသိချင်လို့ အစ်မတိမ်လွှာရဲ့မျက်နှာလေးကို ငုံ့ကြည့်နေသေးတာ။ ကြည့်နေပုံလေးကနူးနူးညံ့ညံ့မြတ်မြတ်နိုးနိုးလေး။ အစ်မတိမ်လွှာက စားပြီး ခေါင်းငြိမ့်ပြမှ ပြုံးပြီး ရေနွေးငှဲ့ပြီး အစ်မတိမ်လွှာရှေ့ ရေနွေးခွက်လေးချပေး တစ်သျှူးခွက်လေးရွှေ့ပေးပြီးမှ ကိုယ့်အတွက်ကိုယ်နယ်နေတဲ့လောရှည်ကောင်။ အဲ့လောက်ချစ်တတ်ရလား လောရှည်ကောင်ရယ်။

မတတ်နိုင်ဘူး တကယ်ကိုမတတ်နိုင်ဘူး။ မပိုင်ရလည်း အနားမှာတော့ နေခွင့်ရချင်တယ် လောရှည်ကောင်ရေ။ အနီးဆုံးမှာ နေခွင့်မရရင်တောင် အဝေးဆုံးမှာတော့ မနေချင်ဘူး။ နာကျင်ရမယ်မှန်းတော့လည်း သိပါရဲ့ ငါကျေနပ်ရင်ဖြစ်တယ်မလား။ တွေးနေရင်းက သူငယ်ချင်းတွေကိုခဏလို့ပြောပြီး ရှေ့က စားပွဲမှာ တို့ဟူးနွေးစားနေတဲ့ အချစ်ငှက်နှစ်ကောင်ဆီ လျှောက်လာလိုက်တယ်။

"အစ်မတိမ်လွှာ" ဆိုပြီးခေါ်လိုက်တော့ မော့ကြည့်လာတဲ့ မျက်လုံးတွေက ကြည်ကြည်စင်စင်လေး။ လောရှည်ကောင်ကြွေဆင်းမယ်ဆိုလည်း ကြွေဆင်းလောက်ပါရဲ့။ အစ်မတိမ်လွှာက နူးနူးညံ့ညံ့လေးကိုး။

"အယ်..ညီမလေး...  တိုက်ဆိုင်လိုက်တာကော၊ လာ ထိုင်" ဆိုပြီး ခုံလေး ဆွဲထုတ်ပေးလာတယ်။

"ဘယ်သူတွေနဲ့လာတာလဲ ညီမလေး"

"သူငယ်ချင်းတွေနဲ့ပဲအစ်မတိမ်လွှာ၊ အစ်မတိမ်လွှာတို့ကိုတွေ့လို့လာနှုတ်ဆတ်တာ အစ်မတိမ်လွှာတို့ကရော"

"တေးတေးလေး လေ သူကခရီးထွက်ချင်တယ်ပြောတာ ကြာနေပြီ။ အကြောင်းအမျိုးမျိုးကြောင့် မထွက်ဖြစ်ခဲ့ဘူး။ ခုကအချိန်ရတုန်းလေးမို့"

"နှစ်ယောက်တည်းပဲလား"

"နှစ်ယောက်တည်းထွက်ချင်လို့လေ ဘာလုပ်မလို့လဲ" ဆိုပြီးဝင်ပြောလာတဲ့လောရှည်ကောင်။ လင်း ကိုမြင်ကတည်းက စူပုပ်ပုပ်ထိုင်နေတဲ့ လောရှည်ကောင်က ခုမှဝင်ပြောလာတယ်။

"သို့ .....  အတိတ်က..... "  [Complete]Donde viven las historias. Descúbrelo ahora