"သို့..... အတိတ်က....." အပိုင်း (၁၀)

479 37 0
                                    

အိပ်ပျော်နေရင်းက အသက်ရှူကြပ်လာတဲ့ခံစားချက်ကြောင့် ခေါင်းပေါ်ထိဆွဲခြုံထားတဲ့စောင်ကို အသာဆွဲချရင်း တစ်ချက်လွန့်ကြည့်တော့ တစ်စုံတစ်ခုက တင်းတင်းချည်ထားသလိုခံစားချက်နဲ့ကြောင့်လက်ကို အပေါ်ထိမြောက်ထုတ်ပြီး အနောက်လှည့်ကြည့်လိုက်တော့ ကျွန်မကိုဖက်ပြီး အိပ်ပျော်နေတဲ့အစ်မ။  အိပ်မက်လား တကယ်လား ဝေခွဲမရဖြစ်နေရင်းက ခပ်တင်းတင်းထပ်ပြီးဖက်လာတာကြောင့် ကိုယ့်လက်ကိုအသာကိုက်ကြည့်တော့ .....

"အ!... နာတယ်ဟ"..... လို့တိုးတိုးရွတ်ရင်း.....

အစ်မဘယ်လိုလုပ်ဒီအခန်းထဲရာက်နေတာလဲတွေးရင်းကပဲ အသာအယာလေး အစ်မနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်တယ်။ ရှေ့ကျနေတဲ့ဆံစလေးကို နားနောက်အသာသပ်ပေးရင်း မေးရိုးပေါ်ဖွဖွအုပ်ကိုင်ရင်း အစ်မမျက်နှာကို တစိမ့်စိမ့်ကြည့်နေရတာ ကျွန်မ မြတ်နိုးလွန်းလိုက်ရတာမှ ရူးမတတ်ပါပဲအစ်မရေ။ မှိတ်ထားတဲ့မျက်လုံးလေးတွေ၊ မျက်တောင်တိုတိုစိပ်စိပ်လေးတွေ၊ နှာတံစင်းစင်းလေးတွေ၊ ခပ်ဟဟလေးပွင့်နေတဲ့ နှုတ်ခမ်းဖူးဖူးရဲရဲလေးတွေ။ တစိမ့်စိမ့်ကြည့်ရင်းက ကျွန်မကိုဖက်ထားတဲ့အခြေအနေရယ်၊ နီးကပ်လွန်းတဲ့အခြေအနေရယ်ကြောင့် ကိုယ့်နှလုံးခုန်သံက နားပွင့်ထွက်လုနဲ့ မနေတတ်မထိုင်တတ်ဖြစ်နေရပြီ။ ဖြစ်နေတာက ဗိုက်ထဲလိပ်ပြာတွေပျံနေတဲ့အလား။ ရိုလာကိုစတာစီးနေရသလိုခံစားချက်။ အစ်မရေ ဒါဘယ်လိုအခြေအနေကြီးလဲ။ ကျွန်မကိုရူးအောင်လုပ်နေတာလား။ ကျွန်မ မရူးသေးဘူးထင်နေလို့လား။

ကျွန်မငေးကြည့်နေရင်းက မျက်လုံးပွင့်လာတဲ့အစ်မ။ ကျွန်မကြည့်နေတာမြင်တော့ ခဏတော့ကြောင်ကြည့်နေပြီးမှ သတိဝင်လာပြီးလက်ကိုရုတ်လို့ ထဖို့ပြင်တယ်။ ဘယ်ရမလဲ ဒါမျိုးတော့၊ ကျွန်မသိမ်းကျုံးဖက်လိုက်တာ အစ်မက အိပ်ရာပေါ်ပြန်လဲကျလာပြီး ကျွန်မရင်ခွင်ထဲမြုပ်လို့။ အခုအခြေအနေက အစ်မက ကျွန်မခန္ဓာကိုယ်အောက်မှာ။ စောင်က အစ်မခန္ဓာကိုယ်အပေါ်ရောက်သွားပြီး အနှီးထုပ်လေးနဲ့ထုပ်ထားသလို သေးသေးကွေးကွေးလေးဖြစ်ပြီး ကျွန်မရင်ခွင်ထဲရောက်နေပြီ။ အစ်မလက်ကလေးနှစ်ဖက်က ကျွန်မနဲ့အစ်မခန္ဓာကိုယ်နှစ်ခုကြားမှာအကွာအဝေးတစ်ခုရအောင် လက်ကလေးနှစ်ဖက်နဲ့ ကျွန်မပခုံးကိုကိုင်ပြီး တွန်းရင်းထိန်းထားသော်လည်း အကွားအဝေးက ပိုပြီးထူးခြားမနေဘူးရယ်။ ခန္ဓာကိုယ်လေးကျုံ့လို့ ခေါင်းလေးကနောက်ကို ယိုင်ထားတယ်။ အစ်မမျက်နှာလေးက အခုအခြေအနေကို အနေရခက်နေလို့ထင်ပါရဲ့ ပါးလေးတွေနဲ့ နားဖျားလေးတွေ ရဲရဲလေးဖြစ်နေတဲ့ပုံစံလေးကို ကျွန်မမှာ ကြည့်မဝ ချစ်မဝနဲ့။

"သို့ .....  အတိတ်က..... "  [Complete]Où les histoires vivent. Découvrez maintenant