"သို့..... အတိတ်က....." အပိုင်း(၁၇)

398 30 0
                                    

အကျင့်ဖြစ်နေလို့ အချိန်မှန်မျက်လုံးကပွင့်လာပေမဲ့ မှတ်ဉာဏ်တွေကလတ်လတ်ဆတ်ဆတ် လန်းလန်းဆန်းဆန်း။ ရင်ခွင်ထဲအိပ်နေတဲ့မ ကြောင့်ရော၊ အဝတ်မပါဘဲ ထိစပ်နေတဲ့ အသားစိုင်တွေကြောင့်ရော ဖြစ်နေတဲ့ခံစားချက်က ရှက်တာရော ကျေနပ်တာရော ကြည်နူးတာရော အရောရောအနှောနှော။ ပိုင်ဆိုင်ခွင့်ရလိုက်ပြီး။ ပိုနီးစပ်သွားခဲ့ပြီဆိုတဲ့အသိက ဘဝင်ကိုလေဟပ်နေသလို ကြက်သီးတွေကဖျန်းခနဲထရဲ့။ နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကို နားနောက်သပ်တင်ပေးပြီး ကိုယ်ကိုအနောက်နည်းနည်းယို့လို့ မ ကို ငုံ့ကြည့်မိတော့ မျက်ခွံလေးတွေမို့လို့ ပန်းနုရောင်နှုတ်ခမ်း လေးကဟဟလေးနဲ့ ရှေ့နည်းနည်းစူထွက်နေရဲ့။ လည်ပင်းနဲ့ ညှပ်ရိုးလေးတစ်လျှောက်မှာက တေးတေးခြယ်ထားမိတဲ့ ဆေးရောင်းလေးတွေက ဟိုတကွက် ဒီတစ်ကွက်နဲ့ အနှံ့အပြား။ တစ်စိမ့်စိမ့်ကြည့်နေမိရင်းက ကြည့်မဝ ချစ်မဝ မြတ်နိုးမဝနဲ့မို့ နဖူးကို အသာငုံ့လို့နမ်းတော့ မ က အိပ်ချင်မူးတူးနဲ့ ရင်ခွင်ထဲတိုးဝင်လာတယ်။ မ ကို ခပ်တင်းတင်းလေးပြန်ဖက်ရင်းက အဝတ်လွတ်နေတဲ့ ပုခုံးသားလေးကို ငုံ့လို့ခပ်ကြာကြာလေးဖိနမ်းမိရဲ့။

"မောင်....နိုးရင်လည်းငြိမ်ငြိမ်နေပါကွယ်....ကျွန်မ နည်းနည်းလောက်ထပ်အိပ်ပါရစေဦး" ဆိုပြီး ခပ်အစ်အစ်အသံလေးနဲ့ပြောလာတော့ လှိုက်တတ်လာတဲ့ အသည်းယားမှုကို သည်းမခံနိုင်တော့လို့ မေးလေးကိုဆွဲယူလို့ ခပ်ပြင်းပြင်းလေးစုပ်ယူလို့ဖိနမ်းမိတော့ တေးတေးပုခုံးကို လက်သေးသေးလေးနဲ့ထုလို့ အတင်းရုန်းရဲ့။ အားရှိပါးရှိလည်းရုန်းမရဘူးလေ တစ်ယောက်အိပ်ကုတင်လေးက မလူးသာမလွန့်သာကို။ မ ကို နံရံဘက်ထားအိပ်တာမို့။ မ သာ သေချာရုန်းရင် တေးတေးက ပြုတ်ကျမှာရယ်။ ထိန်းထိန်းသိမ်းသိမ်းရုန်းနေတော့ မ က နံရံဘက်ပိုကပ်သွားတယ်။ မလွှတ်ပေးနိုင်ပါဘူး။ အချိန်အတော်ကြာတဲ့အထိ ဖိနမ်းနေတာလွှတ်မပေးတော့ မရဲ့ရုန်းကန်နေမှုကငြိမ်ကျသွားပြီး လက်ကလေးတွေကပုခုံးကနေတဆင့် တေးတေးရဲ့ဆံပင်တွေကြားတိုးဝင်လာရင်း ခပ်ဖွဖွထိုးလို့ဖွရင်းက အနမ်းတွေကိုတုန့်ပြန်လာတယ်။ ဪ အာရုံဦးအလှကလည်း စာဖွဲ့လို့မမီနိုင်ခဲ့တာပဲ။ မျက်နှာကို အနမ်းတွေနဲ့သစ်ခဲ့ရပါတယ်ပေါ့။ နိုးထခွင့်ရတဲ့မနက်ခင်းလေးက လှပလွန်းလို့ အသေအချာထုတ်ပိုးလို့သာ ထားချင်တော့တယ်။ တေးတေးက ဆိုးမိပြီဆိုရင်လည်း ရပ်မရတော့ဘူးရယ်။ မနက်စောစောစီးစီးကို မ ကိုချွေးစို့စေခဲ့မိပြန်ပေါ့။ အသက်ရှူသံပြင်းပြင်းလေးနဲ့ မောဟိုက်နေတဲ့ မ ရဲ့အသံတိုးတိုးလေးက ကမ္ဘာဦးဂီတလိုလှပနေခဲ့တယ်။ နားထောင်လို့မဝ နားဆင်လို့မဝနိုင်ခဲ့တဲ့ တေးလှလှလေးတွေလေ။ မ ရဲ့ နှုတ်ခမ်းတွေက ထွက်ကျလာတာ တေးတေးကြောင့်ဆိုညည်းနေရလို့သာ ပိုလှနေတဲ့တေးသွားတွေလေ။ တုန်ရီနေတဲ့ မရဲ့လက်ချောင်းလေးတွေကြား တေးတေးရဲ့လက်ချောင်လေးတွေနဲ့တိုးဝင်ဆုပ်ကိုင်ပြီး ခပ်ဖွဖွနမ်းရင်းနဲ့ မ ကိုပြုံးရင်း မိုးလို့ကြည့်မိတော့ မ ကမျက်စောင်းနုနုထိုးလို့........

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now