လူတွေရဲ့အတ္တက ဆန်းတော့ဆန်းသားလား။ ၁ နှစ်ရှိခဲ့ပြီ။ လင်းမြတ်နောင်နဲ့တွဲခဲ့တာ ၁ နှစ်။ ဒီအတောအတွင်း တစ်ခါလေးတောင် ကတောက်ကဆမဖြစ်ခဲ့ဖူးဘူး။ ခုက............
"လောရှည်ကောင် နင်ငါ့ကို စိတ်ဆိုးနေတာလား... ဟုတ်လား.... စိတ်ဆိုးနေတာလားလို့... " ဆိုတဲ့မေးခွန်းကို တထောင်ဆစ်ကို လက်နှစ်ဖက်နဲ့ ဆွဲကိုင်လှုပ်နေပြီး ခုန်ဆွဆွနဲ့ ဘေးကလိုက်လျှောက်ရင်း တေးတေးမျက်နှာကို အတင်းလိုက်ကြည့်ပြီးမေးနေတဲ့ရုပ်က စပ်ဖြီးဖြီးနဲ့ရယ်။ တေးတေး စိတ်တိုနေတာ သူ့မှာအဲ့လောက်ပျော်နေရလား။ long coat အိပ်ထောင်ထဲ လက်နှစ်ဖက်ထည့်လို့ ခပ်တည်တည်ရှုတင်းတင်း မျက်နှာနဲ့ မျက်မှောင်ကုပ်ထားတဲ့ တေးတေးရုပ်က အဲ့လောက်တောင် သူ့အတွက်ရယ်စရာကောင်းနေတာလား။
မဖြစ်သင့်မှန်းသိတယ်။ ခုက လင်းမြတ်နောင်ကို သဝန်တိုတာလား သေချာမသိပေမဲ့ ကျောင်းက senior ဖြစ်ခဲ့ဖူးတယ် ဆိုတဲ့တစ်ယောက်နဲ့ စကားပြောနေတာကိုကြည့်ပြီး တေးတေးမှာလုံးဝကိုအဆင်မပြေနေတာ။ အချင်းချင်းနှုတ်ဆတ်မှုက ထုံးစံဆိုတာသိပါရဲ့နဲ့ကို ပြန်ကာနီး ပါးကိုနမ်းသွားတော့ ရင်ထဲမှာဒေါသကထောင်းကနဲ။
"လောရှည်ကောင်... ငါ့ကိုစိတ်ဆိုးနေတာမလား.... နင်သဝန်တိုနေတာမလား... ဟုတ်တယ်မလား.... " ဆိုတဲ့စကားသံနောက် တေးတေးခြေစုံရပ်လိုက်ပြီး လင်းမြတ်နောက်ဘက်ကိုတည်တည့်ရပ်လို့ မျက်နှာကို သေချာငုံ့ကြည့်လိုက်တယ်။ နောက် လင်းမြတ်နောင်ကို ခါးကနေသိမ်းပွေ့လိုက်ပြီး လက်တစ်ဖက်က လည်ပင်းကို တင်းနေအောင် ထိန်းလို့ နှုတ်ခမ်းကို ပြင်းရှရှလေးဆုပ်ယူနမ်းလိုက်တယ်။ လင်းမြတ်နောင်မှာ ရုတ်တရတ်မို့ တအံ့တသြနဲ့ ချက်ချင်းမတုန့်ပြန်နိုင်ခဲ့ဘူး။ သတိဝင်လာတော့ မျက်ရည်တစ်စက်က ပါးပေါ်ကနေ စီးကျလာပြီး တေးတေးကျောကိုခပ်တင်းတင်းလေးပြန်သိုင်းဖတ်ရင်း အနမ်းတွေကိုတုန့်ပြန်လာတယ်။ မိန်းကလေးနှစ်ယောက် လမ်းပေါ်ကလူတွေကြား မွတ်မွတ်သိပ်သိပ်နမ်းနေတာ ဒီနိုင်ငံမှာ မထူးဆန်းဘူးမလား။ ထူးဆန်းတာက အခုအနမ်းက လင်းမြတ်နောင်နဲ့ တွဲပြီးကတည်းက တေးတေးဘက်ကပထမဆုံးစနမ်းတာပဲ။
CZYTASZ
"သို့ ..... အတိတ်က..... " [Complete]
Romansမြတ်နိုးနေမိခြင်းတွေ ချစ်မိနေခြင်းတွေမှာ နာစရာရှိရင် ကိုယ်ကပဲ ကိုယ်စားနာပေးပါရစေ ကြေစရာရှိရင်လည်း ကိုယ်ကပဲ ကိုယ်စားကြေပေးပါရစေ..... .................... မလာချင်လို့တော့ ဘယ်ဟုတ်ပါ့မလဲ လှမ်းလို့မဖြစ်တဲ့ ခြေလှမ်းတွေမို့ ချည်တုပ်ခဲ့ရတာ လွမ်းဖို့စဉ်းစားရ...