"သို့ ..... အတိတ်က ....." အပိုင်း (၆)

414 34 0
                                    

ကိုယ့်အတွက်လည်း စာလုပ်နေရသေးတဲ့ အစ်မက
"တေးတေးလေး စာမေးပွဲဖြေနိုင်ပါစေနော်" ဆိုတဲ့ စာလေးနဲ့
"ဒီနေ့ဖြေနိုင်ခဲ့တယ်မလား" ဆိုတဲ့စာလေးကို ဖုန်း messenger  ကနေ မပျက်မကွက်နေ့တိုင်းပို့ပေးလေရဲ့ ။ အထွေအထူးမပါတဲ့ စာလေးတွေကလည်း ကျွန်မကိုကြည်ကြည်နူးနူးပြုံးစေနိုင်ရဲ့။

ကျွန်မစာမေးပွဲပြီးတော့ "အစ်မအိမ်ကို ခဏလေးလာလည်ချင်ပါတယ်" ဆိုတာကို လုံးဝခွင့်မပြုဘဲ အစ်မက သူစာမေးပွဲပြီးမှ သာလာခဲ့ဖို့ပြောတယ်။ "ခဏလေးပါ၊ ခဏလေးပဲလေ" လို့ ဇွတ်တောင်းဆိုတော့ "တေးတေးလေးက အစ်မစကားကို နားမထောင်ဘူးဘဲ" လို့စိတ်မကောင်းသံနဲ့ တိုးတိုးလေးပြန်ပြောတော့ ကျွန်မမှာ အစ်မအိမ်ကိုလည်း မသွားရဲဘူး။ ကျွန်မကြောင့် အစ်မစိတ်ညစ်မှာစိုးလို့။

အစ်မက သူ့အိမ်မလာနဲ့လို့ပြောတာလေ ... အဲ့တော့ အစ်မစာမေးပွဲဖြေမဲ့ကျောင်းပေါက် အစ်မမမြင်အောင်သွားစောင့်တာပေါ့။ အိမ်ကလိုက်ပို့တဲ့ကားပေါ်ကဆင်းလာတဲ့ အစ်မ။ ကျွန်မမှာ ကြည့်လို့မဝဘူးရယ်။ မတွေ့ရတာ ၁ လကျော်နေပြီမို့ မြင်နေရတာ လွမ်းမပြေဘူး အစ်မရယ်။ မဆန်းစစ်ခဲ့တဲ့စိတ်တွေလေ ..... ကိုယ့်ကိုကိုယ် ဝန်သာမခံသေးတာ အဖြေကထွက်နေပြီးသားရယ်။ ရုတ်တရက် ကျွန်မဘက်လှည့်လာလို့ ဘေးက ကားကိုကွယ်ပြီး အမြန်ငုံ့လိုက်တော့ ဘေးကဖြတ်တဲ့ ကောင်မလေးရဲ့ခေါင်းနဲ့စောင့်မိပြီး မျက်လုံးထဲ ကြယ်တွေလတွေ မြင်သွားတယ်။ ဪ .... ခုဏက အစ်မကို ခိုးကြည့်နေတုန်းက ရှည်နေတဲ့ကိုယ့်အရပ်ကို ကျေနပ်နေမိတုန်းကို ဒီလို ပုတုတုတွေနဲ့တွေတော့ ကိုယ့်မှ မရှောင်နိုင်ဘူး။ မြင်မှမမြင်ဘဲကိုး။ ကိုယ်ကလည်း အစ်မသာမြင်နေရရင် ကျန်တာမျက်လုံးထဲဝင်တာမဟုတ်။ သေးသေးလေးနဲ့ ချစ်စရာကောင်းတာဆိုလို့လည်း ကိုယ့်မျက်လုံးထဲ အစ်မတစ်ယောက်သာမြင်ရဲ့။

ခိုက်မိတဲ့ကောင်မလေးလည်း အတော်နာသွားတယ်ထင်ရဲ့။ သူ့ခေါင်းကို လက်ကလေးနဲ့ ပွတ်ပြီး မျက်စောင်းထိုးပြီး.....

"ဘယ်ငေးနေလို့ လူလာတာမမြင်ရတာလဲ လောရှည်ကောင်ရဲ့ မျက်လုံးဘာလုပ်ဖို့ထားတာလဲ နာလိုက်တာ" ဆိုပြီး ခေါင်းကို ပွတ်နေလေရဲ့။ အစ ကတော့ တောင်းပန်မို့ပဲ လောရှည်ကောင် ဆိုတဲ့ ခေါ်သံရယ် ခပ်စွာစွာ ရန်တွေ့တဲ့အသံရယ်ကြောင့် စိတ်ကထောင်းခနဲ ဖြစ်သွားပြီး.....

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now