"သို့..... အတိတ်က....." အပိုင်း(၂၇)

371 28 4
                                    

ဘယ်လောက်ပဲနာမည်ခံထားပါတယ်ပြောပြော လင်မယားဆိုတဲ့ ဂုဏ်ပုဒ်က ပျောက်မှ မသွားခဲ့ဘဲ။ မဖြစ်မနေ ပွဲအတူတက်ဖို့လိုလာတဲ့အခါ ကျွန်မမှာ ငြင်းဆန်ခွင့်ကမရှိ။ "Naung Trading company limited" ရဲ့ နှစ်ပတ်လည်နေ့၊ တစ်ဦးတည်းသောသားဖြစ်တဲ့ ထင်မြတ်နောင်ရဲ့ ဆက်ခံသူအဖြစ်ရွေးချယ်ကြောင်း ကြေငြာမဲ့ပွဲလည်း ဖြစ်လို့ မဖြစ်မနေပွဲတက်ပေးရမယ်တဲ့။ "ဘာပဲ ဖြစ်ဖြစ် ကိုယ်လင်သားပဲလေ" ဆိုတဲ့ မေမေ့ရဲ့ဆုံးမစကားကို နားခါးပေမဲ့ ကျွန်မ မဖြစ်မနေပွဲတက်ပေးရပါလိမ့်ဦးမယ်။ ပွဲတက်ရမှာ သိပေမဲ့ စိတ်မပါလွန်းလို့ dinner အချိန်နီးမှ ပွဲတက်ဖို့ပြင်ပေမဲ့ ညနေ လေးနာရီကတည်းက ထက်မြတ်နောင်ကိုယ်တိုင်အခြံအရံတသိုက်နဲ့ဆေးရုံကို လာကြိုပြီး၊ သိပ်ချစ်တတ်၊ သိပ်ကြင်နာတတ်၊ သိပ်ဂရုစိုက်တတ်၊ သိပ်နားလည်ပေးတတ်တဲ့ ခင်ပွန်းသည် တစ်ယောက်ပုံစံအပြည့်နဲ့ မြင်သူအားကျလောက်အောင် ပြုမူနေပေမဲ့ တိမ်လွှာဖြူဆိုတဲ့ ကျွန်မရဲ့အပြုံးတွေကတော့ မတောက်မပနဲ့ အသက်မဲ့လို့ရယ်။ လာကြိုတာကို ငြင်ဆန်မယ်ကြံနေတုန်း ထက်မြတ်နောက်ရဲ့ မျက်ခုံးပင့်လို့ မျက်စပြစ်ပြီး ထီမထင်ပြုံးပြပုံက အန်ချင်စရာကောင်းသလို၊ ထိတ်လန့်စရာလည်း ကောင်းခဲ့ရဲ့။ အခုလက်ရှိ မောင့်အခြေအနေကြောင့် ထက်မြတ်နောင်အလွယ်တကူ ထိပါးလို့မရနိုင်ဘူးဆိုတာသိနေတာတောင် ကျွန်မမှာ မောင်ထိခိုက်မိမှာကို စိုးရွံ့မိနေတုန်း။ ထက်မြတ်နောင်က မိုက်ရူးရဲဆန်လွန်းမှန်းသိနေလို့။ ထက်မြတ်နောင်က တဇွတ်ထိုးဆန်လွန်းမှန်းသိနေလို့

ကျွန်မအသားကိုထိဖို့ အတော်ဆင်ခြင်တတ်တဲ့သူက အခြားအချိန်တွေထက် ပိုလို့ရဲတင်းနေပြီး ပိုင်ဆိုင်ကြောင်း ပြချင်နေလေရဲ့။ ဘက်ရွေးလို့သတိထားပြီး ဘယ်ဘက်လက်ကို တင်းတင်းဆုပ်ကိုက်လို့ နဖူးပေါ်ဝဲကျနေတဲ့ ဆံနွယ်တွေကို တစ်ချက်သပ်တင်ပေးတော့ စူးခနဲ့ကြည့်လာတဲ့မျက်ဝန်းတွေကို မသိမသာရှောင်ရှားရင်း.......

"မောင့် အမျိုးသမီးလေးရဲ့ နဖူးက ချွေးလေးတွေစို့နေတာပဲ၊ အတော်ပင်ပမ်းနေပြီလား" ဆိုပြီး ကုတ်အင်္ကျီထဲက လက်ကိုင်ပဝါကိုထုတ်လို့ နဖူးက ချွေးကိုလာသုပ်ပေးနေလို့ ခေါင်းငဲ့ရှောင်ရင်း တစ်ခါမှ မသုံးဖူးတဲ့အသုံးအနှုန်းတွေနဲ့ပြောလာလို့ တအံ့တသြနဲ့ ခပ်စူးစူးလေး ပြန်စိုက်ကြည့်မိတော့......

"သို့ .....  အတိတ်က..... "  [Complete]Dove le storie prendono vita. Scoprilo ora