"သို့..... အတိတ်က....." အပိုင်း(၃၈)

441 33 2
                                    

ဒီလိုနည်းနဲ့တော့ ခွဲမသွားသင့်ဘူးမလား လင်းမြတ်နောင်ရယ်။ ငါ့မှာ ဘယ်လိုဖြေလို့ပြေပါ့မလဲ။  ပျော်ပျော်နေပါလို့ ပြောခဲ့ပြီး။ ငါ နင့်ဘေးအမြဲရှိနေမှာပါလို့ ပြောခဲ့ပြီး။ ပျော်ပြစ်လိုက်ဖို့တောင် မဖြစ်နိုင်တဲ့အခြေအနေကြီးနဲ့ ထားခဲ့ပြီးမှ နင့်မို့ ထွက်သွားနိုင်ရက်တယ်လို့တောင် မပြောနိုင်ခဲ့တဲ့အခြေအနေ။ ငါဘယ်သူ့ကို သွားလို့အပြစ်တင်ရမလဲ လင်းမြတ်နောင်ရယ်။ အဆုံးစွန်ထိ နင်ချစ်နိုင်သမျှ ချစ်နိုင်စွမ်းတွေနဲ့ ချစ်ပေးခဲ့ပြီး ငါ့မှာတော့ နောင်တတွေ တစ်လှေကြီးနဲ့ကျန်ခဲ့ရတယ်။

"နင်ပြုံးနေမှ ငါ့အပြုံးကပိုတောက်ပတာ...နင်မသိဘူးလား လောရှည်ကောင်ရဲ့"

"မျက်မှောင်ကြီးတွန့်မထားပါနဲ့ဟ.....နင်ကဘယ်လိုနေနေ ငါ့အတွက်ချစ်ဖို့ကောင်းနေပြီးသား.... ဒါပေမဲ့....နင်ပြုံးနေရင်လေ.... ငါ့အသည်းတွေက တဖြုတ်ဖြုတ်ကြွေကျကုန်ရော..... အဲ့လောက်ထိချစ်ဖို့ကောင်းတယ်....နင်က... "

"နင်ပျော်နေရင်ရပြီ..... နင်သာပျော်နေရင်လေ ကမ္ဘာကြီးတစ်ခုလုံးအပိုင်းစားရသလိုပဲ ငါ့မှာကျေနပ်နေရော..... "

"အားနာတယ်.... အားနာလွန်းလို့လေ.....နင်နဲ့ အစ်မတိမ်လွှာကို အားနာလွန်းလို့.... ချစ်နေရက်နဲ့... နင်တို့ချင်း အချင်းချင်းချစ်နေတာသိသိရက်နဲ့... ငါ...နင့်အနားမှာ ဒီအခြေအနေကြီးနဲ့ ဆက်မနေနိုင်ဘူး...လောရှည်ကောင်ရယ်... "

"တဒင်္ဂအမှား... နင်မရည်ရွယ်တဲ့အမှားအတွက်...တကယ်က... ငါကိုယ်တိုင်က ကျေနပ်နှစ်သက်နေခဲ့တာမို့... အမှားလို့တောင်ဆိုမရတဲ့ဖြစ်ရပ်အတွက်.... နင်ငါ့ကို အများကြီး ဂရုစိုက်ခဲ့....တန်ဖိုးထားပြခဲ့သားပဲ....လုံလောက်နေပါပြီ.... ငါကျေနပ်ပါတယ်... လောရှည်ကောင်ရဲ့.... "

"ထွက်မသွားပါဘူး.... လိုနေချိန်ရှိနေပေးဖို့က... အစ်မတိမ်လွှာက နင့်အနားရှိနေပေးမှာပဲဟာ ငါ့ကိုမလိုအပ်လောက်တော့ဘူးလေ... အစ်မတိမ်လွှာ ရင်နာနေရတာမျိုး.... စိတ်မကောင်းဖြစ်ရတာမျိုး... မဖြစ်စေချင်ဘူးမလား.... "

"ချစ်တယ်နော်.... ငါ... နင့်ကို ချစ်တယ်ဆိုတာ သိထားပေးရုံနဲ့ လုံလောက်ပါပြီ.... နင်ပြုံးနေရင် နင်ပျော်နေရင် ငါကျေနပ်တာမို့.... ငါ့အတွက်အရမ်းကြီး စိတ်မကောင်းမဖြစ်ရင် ကောင်းမှာပဲ" လို့ပြောပြီး ရင်ခွင်ထဲမှာ ရှိုက်ကြီးတံငင်ငိုကြွေးနေတဲ့ လင်းမြတ်နောင်....တေးတေးလည်း တေးတေးလည်းလင်းမြတ်နောင်ကိုခက်တင်းတင်းပြန်ပွေ့ဖက်ရင်းငိုနေခဲ့မိတာပါ။ အဲ့နေ့က...အဲ့နေ့က... လင်းမြတ်နောင်ကို နောက်ဆုံးပွေ့ဖက်ခွင့်ရခဲ့တယ်ဆိုတာ တေးတေးဘယ်လိုများသိနိုင်ခဲ့ပါ့မလဲ။

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now