"သို့..... အတိတ်က....." အပိုင်း(၁၉)

348 25 0
                                    

အိပ်မက်တွေဖြစ်ချင်ခဲ့တာ။ နိုးမလာဘူး။ ဒီအိပ်မက်က လက်တွေ့ဘဝနဲ့ထပ်တူကျနေခဲ့လွန်းလို့ အော်ဟစ်လို့သာ ငိုလိုက်ချင်ခဲ့တာ။ အသံက တစ်စက်လေးတောင်မှထွက်မလာခဲ့ဘူး။ မျက်ရည်ကတစ်စက်လေးတောင် ကျမလာခဲ့ဘူး။ စို့နင့်နေလွန်းလို့  ရင်ဘတ်ကို တအုန်းအုန်းနဲ့ ထုထုပြီးနေတာတောင် အသံကထွက်မလာဘူး။ မဟုတ်ပါဘူးလို့အကြိမ်ကြိမ်အော်တယ် အသံကမထွက်လာဘူး။ အခန်းတံခါးအပြင်ကနေ တဒုန်းဒုန်းနဲ့ထုပြီး အော်ဟစ်ပြောနေတဲ့အသံတွေလည်း မကြားနိုင်တော့ဘူး။ မကြားရတော့ဘူး။ ရင်တစ်ခုလုံးက လစ်ဟာနေပြီး အသက်ရှူဖို့တောင်ခက်ခဲနေသလို၊ ဝမ်းထဲက ကလီစာတွေအကုန်ဆွဲနှုတ်ယူပြစ်လိုက်သလို လစ်ဟာနေခဲ့တာ။ လစ်ဟာသွားခဲ့တာ။ ပြန်မရနိုင်တော့တဲ့ အရာတစ်ခု။ ဆုံးရှုံးသွားပြီလို့ရေရွတ်နေရတဲ့အရာတစ်ခု။

အခန်းတံခါးကို ကျောပေးပြီး ကြမ်းပြင်ပေါ် ဒူးတုပ်ထိုင်ရက်လေးနဲ့ ညာဘက်လက်တစ်ဖက်နဲ့ ဘယ်ဘက်ရက်ဘတ်ကို ဆုပ်ညစ်ကိုင်ထားပြိး တုန်ရီနေတဲ့ဘယ်ဘက်လက်နဲ့ မျက်စီရှေ့က တစ်စစီဖြစ်နေတဲ့ ဖိတ်စာလေးကို တို့ထိမိရင်း အော်နေမိတာ။ လည်ချောင်းကနေညစ်လို့ကို အသားကုန်အော်နေခဲ့တာ။ ရင်နာရလွန်းလို့အသံတောင်မထွက်နိုင်ခဲ့ဘူး။ မဟုတ်ပါဘူးလို့ အကြိမ်ကြိမ်ငြင်းတယ်။ မဖြစ်နိုင်ပါဘူးလို့ အကြိမ်ကြိမ်ငြင်းတယ်။ ပြီးသွားပြီ။  အားလုံးပြီးသွားခဲ့ပြီတဲ့။ တေးတေးရင်ထဲက မုန်တိုင်းကကျခုမှစတုန်းကို သူတို့ကပြီးသွားခဲ့ပြီတဲ့လား။ ပြောရက်လိုက်ကြပုံများက သူတို့ရင်နာရတာမဟုတ်တော့လေ။ သူတို့အိပ်မက်ပြိုတာမဟုတ်တော့လေ။ ဖြေပါ။ ဖြေပါတဲ့လား။ ပြောရက်လိုက်ပုံများ ပြောရက်နိုင်လိုက်ပုံများ။  တေးတေးမှာက ကမ္ဘာပြိုနေခဲ့တာကို။ ကမ္ဘာဖြိုခံခဲ့ရတာကို။

ဘယ်လိုဖြေလို့ ဘယ်လိုစိတ်နဲ့ပြေရမှာလဲ။ ချစ်ခဲ့ကြတာ တစ်ရက်တစ်မနက်လည်းမဟုတ်။ သံယောဇဉ်တွယ်ခဲ့ကြတာအချိန်ခဏလေးလည်း မဟုတ်ခဲ့တာကိုလေ။ တစ်ရက်တစ်မနက်နဲ့ပြိုကျကုန်တဲ့ စိတ်ကူးတွေ၊ တစ်ရက်တစ်မနက်နဲ့ ပြိုကျကုန်တဲ့အိပ်မက်တွေလေ။ စိတ်မကောင်းဖြစ်နေကြတဲ့မျက်နှာတွေတဲ့လား။ တေးတေးကတော့ ဟန်ဆောင်ထားတယ်လို့ချည်းထင်တော့တာ။ ဟန်ဆောင်နေကြတယ်လို့ချည်း ယုံနေတော့တာ။ အရင်းနှီးဆုံးလူတွေက။ တေးတေးရဲ့ အရင်းနှီးဆုံးလူတွေကလေ တေးတေးအတွက်ဆိုပြီး ပိပိရိရိနဲ့ကို ဖုံးကွယ်ထားနိုင်ကြတာ။ ဖုံးကွယ်ရက်နိုင်ကြပုံများ နှစ်နှစ်နေမှ အိမ်ပြန်လာတဲ့ တေးတေးရဲ့ရင်ဝ ဆီးလို့အကန်ခံလိုက်ရသလို။ တစ်ရက်တစ်မနက်တည်းမှာပဲ အကုန်လုံးက စုပြီး ရင်ဝကိုရော နောက်ကျောကိုပါ ဓါးနဲ့စိုက်ခဲ့ကြပြီးမှ တေးတေးအတွက်။ တေးတေးအတွက်တဲ့။ သူတို့မို့ ပြောရက်တယ်။ သူတို့မို့ ပြောထွက်တယ်။ ဘာတွေများအရေးကြီးလည်း တေးတေးဘဝအတွက်ဆိုပြီး တေးတေးကမ္ဘာကအဖြိုခံခဲ့ရတာကိုတောင်မှ ခုထိ တေးတေးအတွက်တဲ့။ တေးတေးမှာကကျ ရင်ကွဲပက်လက်နဲ့။ ညာနေတာ၊ စနောက်နေကြတာလို့ပြောကြစမ်းပါဆိုတာကို လေးနက်တည်ငြိမ်နေလိုက်ကြပုံများ သြချလောက်ကြပါရဲ့။

"သို့ .....  အတိတ်က..... "  [Complete]Onde histórias criam vida. Descubra agora