Extra part ❤❤❤❤❤

859 39 14
                                    


"မေလင်း!... ပြန်လာခဲ့လို့ပြောနေတယ်နော်  ရေချိုးပြီးလို့အဝတ်လဲတိုင်း ပတ်ပြေးနေ အဝတ်မဝတ်ချင်လို့ဘယ်လိုဖြစ်မှာလဲ..."

"မ ကလည်း... သမီးကမှအဲ့ပုံစံတွေမကြိုက်တာကို... ဘယ်လိုဝတ်မလဲ"

"မောင်နော်.... ကာစီး ကာစီးမလုပ်နဲ့ ကျွန်မ မကြိုက်ဘူး... ကလေးထိန်းနေတာ လိုက်မကာနဲ့ ... မောင်အဲ့လိုတွေအလိုလိုက်လို့ ဒင်းလေးပြောမနိုင်ဆိုမရဖြစ်နေတာ...."

"မဟုတ်ပါဘူးကွာ.... မ ကလည်း...  မောင် မကာပါဘူး သမီးကမကြိုက်လို့ မဝတ်တာကို... "

" သူကြိုက်တာတွေချည်းဝယ်ထားတာပဲလေ... ဝတ်မရတဲ့ ခုမှလျှော်ထားတဲ့အပေကိုပဲ ပြန်ဝတ်ချင်လို့ ဘယ်လိုလုပ်ရပါ့မလဲ... ခြောက်တဲ့အထိထိုင်စောင့်ပြီး အဝတ်မဝတ်ဘဲနေမလို့ လုပ်နေတာလေ မောင့်သမီးက... အေးနော်... မပြောမရှိနဲ့ စိတ်တိုလာရင် ဟိုမွေးထာပြီး အိမ်လာလာပို့ထားတဲ့ လင်မယားပါ ခေါ်ဆူမှာ.... မောင်လည်း မောင့်မွေစားသမီးဘက်ကပါမယ်မကြံနဲ့..."

"တကယ်တည်း နားရက်လည်း မနားရ.... ကူမယ်ဆိုတဲ့သူကအလုပ်ကိစ္စအရေးပေါ်လို့တဲ့.... အပြင်ချက်ချင်းထထွက်သွားတယ်...  ဒီနေ့ ကလေးမခေါ်နဲ့ ဆိုတာကိုခေါ်ပြီး သူကျအပြင်ထွက်တယ်.... ဟိုလင်းမယားကလည်း မွေးပြီးလွတ်လပ်ချင်နေတာ...  ကိုယ်မွေးထားတာကိုယ်မထိန်းချင်ဘူး.... အေး ထိန်းပေးမယ်...ဆိုတာနဲ့ ဖုန်းချပြီးပြီးချင်အိမ်ရှေ့ရောက်ရအောင် အိမ်ရှေ့ကနေများတစ်ခါတည်းထိုင်စောင့်နေလားမသိဘူး"

"ရော့ ... ဝတ်ချင်ဝတ် မဝတ်ချင်နေ မဝတ်ချင်လည်းအဲ့တိုင်းသာနေတော့ ... ခေါ်ထားတဲ့သူကိုယ့်ဘာသာထိန်း ...  အလုပ်နားရက်လေး နှစ်ယောက်အေးဆေးနေရမယ်မရှိဘူး ... လာလာရှုပ်တဲ့သူရော .... ခေါ်ရှုပ်တဲ့သူရော .... ကျေကို မကျေနပ်ဘူး ... ကိုယ်တူမအရင်းကြီးမို့ သည်းခံနေတာ ... လာရင် ပြောစကားနားကမထောင်ချင်ဘူး အဒေါ်အရင်းပြောရင် တစ်ခွန်းဆိုမရဘူး .... သူ့မွေးစားအမေလေးပြောရင် ချက်ချင်းလုပ် .... ဘာသွေးစကားတွေပြောနေတယ်မသိဘူး ... အေးနော် ...  အိပ်တော့မှာ လာမရှုပ်နဲ့.... မဆူနဲ့ ...အိပ်ရေးပျက်လို့ကတော့ နှစ်ယောက်လုံး ဒဏ်ပေးခံရမယ်မှတ်"

"သို့ .....  အတိတ်က..... "  [Complete]Where stories live. Discover now