"သို့..... အတိတ်က....." အပိုင်း(၃၉)

414 33 0
                                    

နာကျင်မှုတစ်ခုအဆုံးသတ်တော့ နောက်ထပ်နာကျင်နေရမှုတစ်ခုက အသစ်စတင်နေပြန်တယ်။ သံသရာလည်ကြကြေး၊ ဖြစ်တန်ရာတွေ တလှည့်စီကျရကြေးသာမှန်ခဲ့မယ်ဆိုရင် ပျော်ရွှင်ရမှု မဟုတ်ခဲ့ရင်တောင် စိတ်အေးချမ်းရမှုလေးတော့ အလည်ဖြစ်ဖြစ်ရောက်လာသင့်တယ်မလား။ ခုတော့လေ...........

........................................

နာကျင်မှုတွေကြောင့်လူက ထုံထိုင်ပြီး ဘာကိုမှ စိတ်ကအလိုမကျ။ တစ်ခုခုဆိုရင်ကိုစိတ်ကကျွတ်ဆတ်ဆတ်နဲ့ဖြစ်နေခဲ့ပြီးနေပြီ မ ရဲ့ဖေးမမှုတွေသာမရှိခဲ့ရင်၊ အနားမှာ  မ သာမရှိနေပေးခဲ့ရင် တေးတေး ပြန်ရပ်တည်ဖို့ ထိန်းချုပ်ဖို့တောင်ခက်ခဲနေခဲ့ပြီးပြီ။  အလိုမကျမှုတွေ စနိုးစနောင့်ဖြစ်မှုတွေ၊ အားနာတွေဝေတုံဆိုင်းနေမှုတွေက မ ရှိနေချိန်ဆို အရာရာကအဝေးလွင့်ပြီး အားလုံးမေ့ကုန်တဲ့အထိ။ ဒါပေမဲ့လေ တေးတေးရဲ့ နာကျင်နေရမှုတွေပြေဖို့အတွက်နဲ့........

"Doctor က မထင်ရဘူးနော် အိမ်ထောင်ကွဲတာမှ မကြာသေးဘူး...နောက်တစ်ယောက်တွေ့နေတယ်ထင်တယ်"

"အေး... ဟုတ်မယ်....လူတွေက အပေါ်ယံကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာလေ.... "

"အေးဆို.... ကိုထက်မြတ်နောင်က ဒီလောက် ချစ်တာတောင်  Doctor  ကြည့်ရတာမတုန်မလှုပ်နဲ့မို့ ကိုယ်တွေမှာ အားမလိုအားမရဖြစ်ပြီး နေရာချင်းလဲမိချင်တဲ့အထိ....စဉ်းစားကြည့်ကွာ... ရုပ်ရည်၊ ပညာ၊ အရည်အချင်း၊ စည်းစိမ်ဥစ္စာ..နောက် မိန်းမကို ချစ်တတ်၊ ဂရုစိုက်တတ်လိုက်တာမှ တုန်လို့... ဥစ္စာပေါရုပ်ချောကွာ... သိတယ်မလား.... အဲ့လိုလူကို...Doctor ဆတ်ဆံပုံက အေးတိအေးစက်နဲ့... ချစ်ပြ သည်းပြလို့ ချေနေသလိုပဲနော်... "

"ဟဲ့... ရှိသေးတယ်... ဒီလောက်အိမ်ထောင်သက်ကြာတာတောင် ကလေးမရတာလေ... မရှိတာလား... မယူတာလား.... "

"ကိုထက်မြတ်နောင်ကဒီလောက်ချစ်တာ..... ကလေးမယူချင်တာတော့မဖြစ်နိုင်ဘူး... ကိုထက်မြတ်နောင်ဘက်ကချို့ယွင်းနေတာမှ မဟုတ်ရင်.... Doctor  ဘက်ကလည်းချို့ယွင်းနေတာမှမဟုတ်ရင်... မရအောင်တားထားတာပဲဖြစ်မယ်... "

"ဒါနဲ့လေ.. .Doctor က  Les  လား Bi လားတစ်ခုခုတော့တစ်ခုခုပဲ. ...ခုလည်း သိတယ်မလား......ဟိုကွာ.... ကိုထက်မြတ်နောင်ရဲ့ညီမ.... မလင်းမြတ်နောင်ဆုံးတာမှမကြာသေးဘူး... ဘယ်လောက်ရှိသေးလို့လည်း......မတေးသီမောင်နား အတင်းကပ်နေသလိုပဲ....."

"သို့ .....  အတိတ်က..... "  [Complete]Donde viven las historias. Descúbrelo ahora