"သို့..... အတိတ်က....." အပိုင်း(၂၆)

397 32 2
                                    

"တွေ့ရတာ ဝမ်းသာပါတယ် Doctor တိမ်လွှာဖြူ၊ ကျွန်မတို့ရှေ့ဆက်ပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့မျှော်လင့်ပါတယ် "  ဆိုပြီး စကားတစ်လုံးချင်းစီကို ဖိပြောလို့ ကျွန်မနဲ့ တစ်ခါမှ မသိဖူး မကျွမ်းဝင်ဖူးသူလိုလက်ဆွဲနှုတ်ဆတ်လာတဲ့မောင် ။

မောင့်နှုတ်ခမ်းကအပြုံးတွေက ခပ်မဲ့မဲ့နဲ့ရယ်ပါ။ မောင့် မျက်လုံးတွေက ကျွန်မကို စိန်ခေါ်နေခဲ့လေသလား။ ကျွန်မမျက်နှာကို သေချာကြည့်လို့ လက်ကမ်းလာတဲ့ မောင့်လက်ကိုဆွဲကိုင်ဖို့အတွက် ကျွန်မလက်တွေက မသိမသာတုန်လို့ လက်ဖျားတွေက အေးစက်နေခဲ့တာ။ လက်ကိုဆွဲလို့နှုတ်ဆတ်ချိန် မောင့်ရဲ့ လက်ကို ဖြစ်ညစ်လိုက်တဲ့အားကြောင့် မနက်က နာခဲ့တဲ့အရှိန်နဲ့ ဆစ်ခနဲ ကိုက်သွားတဲ့လက်ကြောင့် တစ်ချက်တွန့်လို့ ရုန်းမိတယ်။ မောင်ကတော့နှုတ်ခမ်းတွန့်ရုံအပြုံးတစ်ခုနဲ့ ကျွန်မကို စိုက်လို့ကြည့်နေတုန်း။  မုန်းနေခဲ့လေသလားမောင်ရေ။ မချစ်တော့လို့မှအမှန်တကယ် မုန်းနေခဲ့ရင်တောင်မှ အပြစ်မဆိုရက်သလို အပြစ်မတင်ဝံ့သူပါ။ ချစ်လျှက်နဲ့တော့ မုန်းဟန်မဆောင်လေနဲ့ မောင်။ မောင်ပိုပြီး ပင်ပမ်းရလိမ့်မယ်။ မောင်ပိုပြီး နာကျင်နေရမှာကို မမြင်ရက်လို့ပါ။ နေစိမ့်မှ ဖြစ်မှာမို့ လှည့်မကြည့်နိုင်ခဲ့မိတာပါမောင်ရယ်။ မောင်နာကျင်နေတာ မသိလို့မှ မဟုတ်ဘဲနော်။ ဖုံးကွယ်ထားတဲ့ မောင့်မျက်ဝန်းတွေ အောက်မှာ နာကျင်မှုတွေရှိမနေဘူးလို့ ကျွန်မယုံကြည်ပါရစေ။

လင်းမြတ်နောင်က မောင့်လက်မောင်းကို ဖွဖွ ကိုင်လိုက်တော့မှ လက်ကိုလွှတ်လိုက်ချိန်မှ လက်ကမ်းပေးတုန်းက အစွန်းနဲနဲထွက်သွားတဲ့ လက်ကောက်ဝတ်က ပတ်တီးစလေးကို မသိမသာလေး နဲ့  ဘယ်ဘက်လက်နဲ့ အုပ်လို့ကိုင်လိုက်မိတယ်။ မောင်က ကျွန်မမျက်နှာကိုသာ ကြည့်နေခဲ့မိလို့ ပတ်တီးစကို မမြင်လိုက်ပေမဲ့ လင်းမြတ်နောင်ကတော့ လက်ကိုရုတ်လိုက်ချိန်မှာ ဖြတ်ခနဲ မြင်လိုက်မိတယ်ထင်ရဲ့ ကျွန်မမျက်နှာကို စူးစမ်းသလိုကြည့်လာခဲ့တယ်။ မောင်ကတော့ ကျွန်မနဲ့ အကြည့်တွေအားပြိုင်နေတုန်း။ မောင်နဲ့ မျက်နှာချင်းပြန်ဆိုင်မိချိန် ပြိုလဲမိမယ်ထင်ခဲ့ပေမဲ့ ကျွန်မ မတ်မတ်ရပ်နိုင်နေတုန်းပဲမောင်။ ပထမဆုံး ဝေးခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်ဆိုင်မိတာကိုတောင်မှ ကျွန်မ မတ်မတ်ရပ်နေနိုင်တုန်း။ တိမ်လွှာဖြူဆိုတာ အဲ့လိုမိန်းမရယ်ပါ။ သေလောက်အောင် ရင်ထဲမှာ ပြိုလဲနေလည်း လူရှေ့မှာ ဝင့်ထည်နေတုန်း။

"သို့ .....  အတိတ်က..... "  [Complete]Donde viven las historias. Descúbrelo ahora