မုန့်စားဆင်းချိန်ခေါင်းလောင်းတီးသံကြားတာနဲ့ အသံလေးတွေကဟိုတစ်စဒီတစ်စညံလာပြီး ဆရာမကိုနှုတ်ဆတ်ပြီးလို့ ဆရာမထွက်သွားသွားချင်း.....
"မေဆူး ငါ့ပစ္စည်းတွေသိမ်းထားလိုက်စမ်းပါ" ဆိုပြီး ပိုက်ဆံအိတ်လေးကောက်လို့ ကမန်းကတမ်းထပြီးအတန်းအပြင်ပြေးထွက်သွားတဲ့ တေးတေး။ ဟဲ့... ဟဲ့... ဆိုပြီးဘာမှပြောချိန်မရလိုက်တဲ့မရွှေချော။ သူ့အရပ်ကြီးမှ အားမနာ အတင်းတိုးတိုက်ထွက်သွားလို့ တိုက်ခံရသူတွေက။
"တေးတေး ရာ"
"ဟာ!"
"ဟဲ့ ...ဟဲ့ .... ဘယ်လိုဖြစ်နေတာလဲ"
"လဲကုန်တော့မှာပဲ" ဆိုတဲ့အသံတွေကို
" sorry sorry သူငယ်ချင်းတို့ရေ" ဆိုပြီး ပြေးရင်းနောက်ပြန်လက်ပြသွားတဲ့ တေးတေး။
ဘာတွေများအရေးကြီးနေပါလိမ့်လို့တောင် တွေးမိသား။ ဟော...ကြည့် ခုပြန်လာတော့ကျလည်း ခုဏကနဲ့မတူ။ ခေါင်းလေးငုံ့လို့ ပြုံးစိစိနဲ့ ဆင်မယဉ်သာခြေလှမ်းလေးနဲ့ ညာဘက်ပါးလေးကို လက်ဝါးလေးနဲ့အုပ်ပြီး အခန်းပြန်လာနေတဲ့တေးတေး။ သူငယ်ချင်းတွေနှုတ်ဆတ်နေတာလည်း ကြားပုံမပေါ်။ သူ့အတွေးနဲ့သူနစ်နေတဲ့ပုံ။
"အဟိ" ဆိုပြီးတောင်အသံများထွက်ပြီး ကိုယ့်ကိုတောင်မမြင်ဘဲ ရှောင်သွားတဲ့တေးတေး။ မေဆူး တင်းပြီလေ။ ဒါမျိုးတော့ဘယ်ရမလဲ။
"ဟဲ့! မိတေးတေး၊ အပမှီလာတာလား" ဆိုပြီး မမီမကမ်းမို့ ခုန်ပြီး လည်ပင်းကိုဖက်လိုက်တော့...
"အ!" ဆိုပြီး ခါးညွှတ်ကျလာတယ်။
"ဟာ.....မေဆူးရာ အသာလုပ်ပါဟ၊ နာတာ နင်ကလည်း" ဆိုပြီး ရှုံ့မဲ့လို့ဆိုရင်း မေးဆူးဆွဲခေါ်တဲ့နောက် ခါးကြီးကိုင်းလို့ပါလာတဲ့တေးတေး။
"နင်ဘယ်သွားတာလဲ ခုဏက၊ ငါတို့လည်းမစောင့်ဘူး"
"မနက်က ငါ့ကြောင့်ဘောလုံးမှန်သွားတဲ့ အစ်မဆီသွားတာ၊ သနားပါတယ် ပါးလေးတွေရဲပြီး ရောင်တောင်နေတယ်"
"ဪ၊ ၁၀တန်း A က အစ်မတိမ်လွှာဖြူ ဆီလား" ဆိုရင်း မမီတဲ့အရပ်ကို အတင်းပုခုံးလာဖက်ထားလို့ ခါးကိုင်းလျှောက်နေရသေးတယ်။
VOCÊ ESTÁ LENDO
"သို့ ..... အတိတ်က..... " [Complete]
Romanceမြတ်နိုးနေမိခြင်းတွေ ချစ်မိနေခြင်းတွေမှာ နာစရာရှိရင် ကိုယ်ကပဲ ကိုယ်စားနာပေးပါရစေ ကြေစရာရှိရင်လည်း ကိုယ်ကပဲ ကိုယ်စားကြေပေးပါရစေ..... .................... မလာချင်လို့တော့ ဘယ်ဟုတ်ပါ့မလဲ လှမ်းလို့မဖြစ်တဲ့ ခြေလှမ်းတွေမို့ ချည်တုပ်ခဲ့ရတာ လွမ်းဖို့စဉ်းစားရ...