"သို့..... အတိတ်က....." အပိုင်း(၂၃)

351 29 0
                                    

အချိန်က ကုစားဖို့မမျှော်လင့်ခဲ့ဖူးပါဘူး။ ပြန်ဆုံချိန် အနာသက်သာဖို့တော့ မျှော်လင့်ခဲ့မိသားမောင်ရယ်။ မောင်မသိ၊ မောင်မမြင်ဘူးလို့တော့  မငြင်းပါနဲ့။

............................................

ဆေးပညာအထောက်အကူပြုပစ္စည်းတွေအတွက်  IT  ပညာရှင်အဖြစ်ရောက်လာတဲ့ ကိုယ်စားလှယ်က မောင် ဖြစ်နေလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ။ ငယ်ငယ်ချောချော ခန့်ခန့်ညားညားလေးတဲ့။ဟုတ်တာပေါ့ မောင်ကပိုပြီး ခန့်ညားလာတာကိုး။ မောင့်အတွက် ဂုဏ်ယူမိတာသက်သက်၊ နာကျင်ရတာက သက်သက်မလား။  stage  ပေါ်မှာ presentation လုပ်နေတဲ့မောင့်ကို ပြုံးပြီးငေးကြည့်နေပေမဲ့ မောင်က ကျွန်မဘက် တစ်ချက်လေးတောင်လှည့်မကြည့်ခဲ့လို့ ရင်နာရပေမဲ့ နှုတ်ခမ်းတွေကပြုံးနေမိသားနော်။ မောင်နဲ့ကျွန်မအကြောင်းသိတဲ့ သူငယ်ချင်းဆရာဝန်မလေးကတော့ ကျွန်မလက်ကိုဖြစ်ညစ်ကိုင်ထားလို့ ပြုံးပြမိသေးတယ်။ မပီပြင်မှန်းတော့လည်းသိပါရဲ့။ မောင်နဲ့ဝေးပြီး ၅ နှစ်နေမှ ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်ဆုံဖို့ကြုံရတာ။ အရှေ့တည့်တည့်ကိုကြည့်ပြီးပြောနေတဲ့ မောင်က ကျွန်မဘက် မကြည့်မိအောင် သတိထားနေတဲ့ပုံလို့ပဲ ယုံကြည်နေမိတယ်။ ကျွန်မရှိတာ မသိဘူးလို့ ငြင်းစမ်း မောင်ရယ်။ အဆင်ပြေနေတာ မြင်ရလို့ ဝမ်းသာမိပေမဲ့၊ အောင်မြင်မှုတွေထဲ အတူပျော်ခွင့်မရတာတော့ ဝမ်းနည်းရတယ်မောင်။

Presentation  ပြီးတဲ့အချိန် မတ်တပ်ရပ်လို့ လက်ခုပ်တီးကြတော့ ကျွန်မမသိမသာလေးပဲထွက်လာခဲ့လိုက်တယ်။ မောင်မှ မမြင်ချင်တာ ကျွန်မရှိနေဖို့မလိုဘူးမလား။ Presentation ပြီးရင် ဆရာဝန်တွေနဲ့မိတ်ဆတ်ရတော့မယ်မလား။ အဝေးက ငေးရတာအဆင်ပြေပေမဲ့ မြင်နေရက်နဲ့ မသိချင်ယောင်ဆောင်ဖို့တော့ အားမွေးရဦးမယ်မလားမောင်ရေ။ ကျွန်မ ခွင့်တင်လို့ ပြန်လာခဲ့လိုက်တယ်။ ခွင့်မယူခဲ့တာ  honey moon ဆိုတဲ့ခရီးပြီးကတည်းကမလား။

......................................

ကျွန်မရဲ့ အိမ် မဟုတ်တဲ့ အိမ်ဆိုတဲ့နေရာကိုပြန်ရလိမ့်ဦးမယ်။ ဆေးရုံတွေကသာ ကျွန်မအတွက်အိမ်ဖြစ်နေခဲ့တာမလား။ ရယ်တော့လည်း ရယ်ရသား။ ဒီနှစ်တွေအတွင်း အိမ်ဆိုတဲ့နေရာကို မပြန်ချင်လို့ ခွင့်မယူ၊ ပိတ်ရက်ဆိုလည်းလာ၊  duty  မှန်သမျှ အစားဝင်၊ စာတမ်းတွေတစ်ခုပြီးတစ်ခု ပြုစုနေခဲ့တာ။ စိတ်တွေကို အနားမပေးရဲဘူး။ ကျွန်မရှင်သန်နေရဦးမှာမို့။

"သို့ .....  အတိတ်က..... "  [Complete]Où les histoires vivent. Découvrez maintenant