Ep8

422 25 0
                                    

"ဂျိန်း"
ကျယ်လောင်လွန်းတဲ့ မိုးခြိန်းသံ။
အမှောင်တိကျနေတဲ့အိပ်ဆောင်။
သက်ရှိဟူ၍ သူတစ်ယောက်ထဲသာ။

မိုးစက်မိုးပေါက်သံမှလွဲ၍ဘာမှမကြားရ။
တံခါးမကနေ ဝင်ဝင်လာတဲ့လေအေးတွေ။

နောက်ပြီးနာကျင်လွန်းတဲ့ မျက်လုံးအစုံ။
"ရက်စက်လိုက်တာ ချန်အင်းရာ"

မျက်လုံး‌‌ တွေကငိုလေနာကျင်လေမို့ မငိုအောင်ထိန်းထားသော်လည်း မရပေ။

တံခါးမကိုသွားပိတ်ချင်ပေမဲ့ လက်ကိုင်တုတ်ကို စမ်းမရ။

ပထမဆုံးအကြိမ် ရှုံးနှိမ့်မှု အထီးကျန်မှုနဲ့ အားငယ်မှုကို ခံစားရတယ်။

တစ်ကိုယ်လုံးလဲ ခိုက်ခိုက်တုန်အောင်ချမ်းလွန်းလှပြီ။
ငိုကြွေးမှုကလဲ ရပ်တန့်လို့မရ။

"အိ့"
(ငါ့ဘဝမှာ ဘာဆိုဘာမှမရှိတော့ဘဲ)

"ရှပ်ရှပ်"
ခပ်တိုးတိုး ခြေသံ။

"ဘယ်သူလဲ"
ထိန့်လန့်မှုကြောင့် ဂျောင်ကုအသံကတုနိရီနေတယ်။
(ဖခမည်းတော်လွှတ်လိုက်တဲ့လူလား)
(ငါ့ကိုလာသတ်တာလား)

"ဘယ်သူလဲလို့ မေးနေတယ်နော်"
နီးရာပစ္စည်းတစ်ခုကိုလှမ်းယူပြီး ကိုယ့်ကိုယ်ကိုကာကွယ်ရင်းမေးတယ်။

ရင်နာဖွယ်ရာ ဘာပစ္စည်းမှန်းတောင် မမြင်ရ။
"ကျွန်တော် ကျွန်တော်ပါ"

"ချန်အင်းလား"
"ဟုတ်တယ်"

"မင်းဘာလာလုပ်တာလဲ၊ ငါမင်းကိုမုန်းတယ် ထွက်သွား"

သွေးတွေပေကျံနေတဲ့ မျက်လုံးစည်းပုဝါ‌တောင် မလဲရသေး။
ထယ်ယောင်းဂျောင်ကုကို ကြည့်ရင်း ရင်နာရပြနိတယ်။

(မိုးတွေရွာတာနဲ့ စိတ်ပူပြီးပြေးလာတာ မှန်သွားတာပဲ)
အေးလို့ခိုက်ခိုက်တုန်နေတဲ့ ဂျောင်ကုကိုကြည့်ရင်းတွေးလိုက်တယ်။

တံခါးမကိုပိတ်ပြီး အိပ်ဆောင်ထဲမှာ ဖယောင်းတိုင်တွေထွန်းလိုက်တာမို့ အနည်းငယ်အချမ်းပြေသွားသလို။

ထို့နောက် ချမ်းတုန်နေတဲ့ဂျောင်ကုကို ဖက်ထားလိုက်တယ်။

"မင်းဘာလုပ်တာလဲ ဖယ်"
"ကျွန်တော် ခင်ဗျားကိုချစ်တယ်"
"....."

My Glory Where stories live. Discover now