Ep5

341 25 2
                                    

"ဂျောင်ကု မင်းတကယ်သေချာပြီလား"
"အင်း"
"ဒီလက်ထပ်ပွဲက ဝေဖန်မှုတွေများနေတာနော်"
"ကျွန်တော်သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တာပါ"

ကျစ်။
သူ့ရှေ့မှာ ခပ်တည်တည်ထိုင်နေတဲ့ဂျောင်ကုကိုကြည့်ပြီး ရူးချင်လာတယ်။
တခါမှဂျောင်ကုကို ဒီလိုခေါင်းမာမာပုံစံနဲ့မတွေ့ခဲ့ဖူးပေ။

အိမ်ရှေ့မင်းသားရဲ့ လေပူကဆောင်းဦးလေဝှေ့နဲ့အတူ လိုက်ပါသွား‌ရှာတယ်။

_______________________________

"လီယံပါ တတိယမင်းသားလက်ထပ်ပွဲကို မန်ချူးဘုရင်ကိုယ်စားလာချီးမြှင့်ပါတယ်"

တပ်သား၂၀ကျော်သာပါတဲ့ လီယံအထူးတပ်။
ဘုရင့်ကို မိတ်ဆက်စကားပြောတာတောင် ခေါင်းငုံခြင်းမရှိ။
(မန်ချူးတွေ မာနကြီးတာ အခုမှမဟုတ်ဘဲလေ)

"လာချီးမြှင့်တဲ့အတွကိ ကျေးဇူးတင်ပါတယ်၊ နှစ်နိုင်ငံဆက်ဆံရေးအတွက် လက်ဆောင်ပဏ္ဏာတွေကိုလဲ လက်ခံပေးပါ လီယံ"

အဆုံးစွန်ထိသည်းခံပြီးပြောနေရှာတဲ့ လန်ဟွေ့ဘုရင်။

"နှစ်နိုင်ငံ? လန်ဟွေ့ကမန်ချူးလက်အောက်ကနေ ဘယ်တုန်းကလွတ်သွားတာလဲ"

"မင်း!!"

လီယံရဲ့စကားက တောတောကိုအထက်စီးဆန်လွန်းတယ်။
တပ်သား၂၀လောက်နဲ့ သူများနန်းတော်ထဲထိလာစော်ကားနေသလို။

ခပ်တည်တည်ရပ်နေတဲ့ လီယံကိုကြည့်ရင်း ဂျောင်ကုတွေးလိုက်မိတယ်။

(ဒီကောင်တောတောမလွယ်ဘူးပဲ)

________________________________

*လက်ထပ်ပွဲနေ့

လက်ထပ်ပွဲနဲ့ ချင်းရန်ကိုမိဖုရားမြှောက်တင်ပွဲကို တခါထဲလုပ်တယ်။
ဒါ‌ကြောင့်ပွဲက ထင်ထားတာထက် ပိုကြာသွားတယ်။

ပြုံးရီနေတဲ့ မင်းသားနဲ့ချင်းရန်။
လာရောက်ချီးမြှင့်တဲ့ အမတ်တွေ စစ်သူကြီးတွေမှမနည်း။

အစေခံအဖြစ်နဲ့ ချင်းရန်ဘေးမှာ ရပ်နေတဲ့ထယ်ယောင်း။
(လူတစ်ကိုယ်စာသာ ခြားနေပေမဲ့ သတို့သမီးနေရာက သူ့အတွက်မဟုတ်ခဲ့ပါလား)

My Glory Where stories live. Discover now