"ချင်းရန်?"
"ပြောပါ အရှင်မင်းသား"အသက်ဝင်လွန်းတဲ့ မင်းသားရဲ့အပြုံးတွေ။
အရည်လဲ့တဲ့အကြည့်တွေက ချင်းရန်ဆီမှာ။
(ဒါဘယ်လို ကံကြမာမျိုးလဲ)မိဖုရားချင်းရန်ကို မင်းသားအိပ်ခန်းဆီ လိုက်ပို့ပေးပြီးနောက် ဘေးကနေ ရပ်ကြည့်နေမိတယ်။
"ဟဲ့ ထယ်ယောင်း"
"ဟမ် ဗျာဗျာ?"
"ဟိုမှာ မင်းသားနဲ့ချင်းရန်ကချစ်ကြည်နူးနေတာ အလိုက်ကန်းဆိုးမသိ ဒီမှာဆက်နေမလိုလား""ဟုတ်ဟုတ် အယ်မဟုတ်မဟုတ်ပါဘူး"
ထယ်ယောင်းယောင်နနနဲ့ပြန်ဖြေတော့ အထိန်းတော်ကြီးက အလိုမကျသလို ကြည့်တယ်။အစေခံတွေကအားလုံးက အခန်းကထွက်ဖို့ပြင်လိုက်တာမို့ ထယ်ယောင်းလဲကျောခိုင်းလိုက်ရတယ်။
တစ်ဖက်က သူချစ်ရတဲ့မင်သားဂျောင်ကု
တစ်ဖက်က သူခင်ရတဲ့ ငယ်သူငယ်ချင်း ချင်းရန်
(အင်း အရာရာတိုင်းကို ကံကြမာက ဖန်တီးခဲ့တယ်ထင်ပါရဲ့)ထို့နောက်ခြေလှမ်းတွေက အခန်းပြင်ဆီသို့။
(မင်းသားဂျောင်ကု ခင်ဗျားကို ချစ်နေတာရပ်တန့်လို့မရခဲ့ရင် ကျွန်တော်မျိုးမှာအပြစ်ရှိလေမလား)အသစ်စက်စက်မိဖုရားကို ကြင်နာစွာပွေ့ဖက်ထားတဲ့ တော်ဝင်မင်းသားက သူလိုအစေခံရဲ့စကားကို ဖြေမယ်တဲ့လား။
ရူးပထယ်ယောင်းရာ။
ထိုနေ့က လမ်ဟွေ့တိုင်းပြည်မှာ မိုးတွေရွာတယ်။
နောက်ပြီး တတိယသားတော် ဂျွန်ဂျောင်ကုရဲ့ လက်ထပ်ထိမ်းမြှားပွဲ။__________________________
- 1934
- Lam Hui Nation ( Subordinate of Manchu Empire )
- Phu Ri Era
___________________- ၁၉၃၄
- လမ်ဟွေ့တိုင်းပြည် ( မန်ချုးအင်ပါယာ၏ လက်အောက်ခံ)
- ဖူရီ့ဘုရင်ခေတ်
___________________

YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်