"ဝုန်း"
"ထယ် ထယ်ယောင်း"
မိဖုရားအိပ်ဆောင်ထဲပြေးဝင်လာတဲ့ ထယ်ယောင်း။
"ဘာတွေဖြစ်ကုန်တာလဲ""ငါလဲမသိဘူး မနက်ကနိုးနိုးချင်း ငါ့ကိုလာတောင်းတာ ညကတာဝန်ကျတဲ့လူကို ငါလို့ထင်နေတယ် မင်းသားက"
"....."
"မင်းဘာလို့ အမှန်တိုင်းမပြောလိုက်တာလဲ"
"ဂျူတီချိန်ငါမဝင်တာ သိသွားမှာစိုးလို့ပါ ထယ်ယောင်းရယ်"ချင်းရန်က မျက်နှာငယ်လေးနဲ့ပင်။
ကံကြမ္မာက ငါ့ကိုအလေးမထားခဲ့တာပဲ နေမယ်။
သူတို့နှစ်ယောက်ရဲ့ ဖူးစာလဲဖြစ်နိုင်ပါတယ်လေ။ထယ်ယောင်းသက်ပြင်းချလိုက်တယ် ။ ရင်နာနာနဲ့ပေါ့။
"ထယ်ယောင်း ငါကတိပေးပါတယ်၊ ငါသာမိဖုရားဖြစ်သွားရင် မင်းကိုနေရာကောင်းကောင်းပေးမှာပါ"
"......""ငါ့ရဲ့အနီးကပ်အစေခံပေးလုပ်မယ်လေ၊ မင်းလဲအဖွားကိုပိုက်ဆံများများ....."
ချင်းရန်ဆက်ပြောနေတာတွေကို မကြားတော့။
အာရုံကဂျောင်ကုအပြုံးတေဆီမှာသာ။
မျက်ရည်ကြောင့် အမြင်တွေဝေဝါးလာသလို။(ငါလိုချင်တာ အဲ့တာတွေမှမဟုတ်ဘဲ)
"မိဖုရားကို တတိယမင်းသား လာတွေ့ပါတယ်"
အိပ်ဆောင်ရဲ့ အစောင့်သံကြောင့် ထယ်ယောင်းမျက်ရည်တွေ အမြန်သုတ်လိုက်တယ်။သိပ်မကြာ အိပ်ခန်းထဲဝင်လာတဲ့သူချစ်ရတဲ့သူ။
"ချင်းရန်"
"ဟုတ် ဟုတ်"
"မနေ့ကဒါဏ်ရာ သက်သာရဲ့လား"
"ဟမ်"ဂျောင်ကုအမေးကို နားမလည်တာမို့ ထယ်ယောင်းကိုအမူရာနဲ့မေးနေတယ်။
"ပေးပါအုန်း လက်လေး၊ ကိုယ်ကြည့်ကြည့်ပါအုန်းမယ်၊ သက်သာရဲ့လားလို့"
ဂျောင်ကုက ချန်အင်းလက်ကို ကိုင်ပြီးကြည့်ဖို့ပြင်လာတာမို့ ထယ်ယောင်းကပဲ အမြန်ဝင်ဖြေရှင်းရတော့တယ်။
"မိဖုရားချင်ရဲ့လက်က သက်သာနေပါပြီ မင်းသား"
"အင်း တော်သေးတာပေါ့"အဲ့တော့မှဂျောင်ကုက စိတ်သက်သာရာ ရသွားသလို။
"ဪ ဒီမှာမင်းမနေ့ကကျန်ခဲ့တဲ့ မျက်နှာစည်းပုဝါလေး"
"အာ ဟုတ်ဟုတ်ကျေးဇူးပါ"

YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်