Ep15

444 30 5
                                    

"ကျီ့ကျီ ကျီ့ကျီ"
ငှက်‌ေအာ်သံတချို့နဲ့အတူ နောက်နေ့မနက်ခပ်စောစောပိုင်း ထပ်ပြီးခရီးဆက်ခဲ့ပြန်တယ်။

လီယံတို့က လေ့ကျင့်ပြီးသားအထူးတပ်ဖြစ်တာမို့ ပုံမှန်ဆို ခပ်မြန်မြန်သာ လှုပ်ရှားကြတယ်။
အခုက ထယ်ယောင်းပါလာတာမို့ လီယံကမြင်းမစီးခိုင်းရက်။

ရထားလုံးလေးထဲ လုံးလုံးလေးအိပ်ရင်းပါလာတာ ဆက်သွားနေမှန်းတောင် မသိ။
(ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲကွာ)

နိုးလာရင် သူ့ကိုမုန်းတယ် ပြန်ပို့ပေးပဲ ပြောနေမှာမို့ မနှိုးဖြစ်။
တစ်ညလုံးလဲငိုထားတာ ဝက်ဝံလေးပင်ပန်းနေရောပေါ့။

(မန်ချူးရောက်ရင် မင်းကိုသက်သောင့်သက်သာထားမှာပါ)

မလှမ်းမကမ်းက တပ်သားကိုအချက်ပြပြီး ခေါ်လိုက်တယ်။

"ရီးးးးးဟီးး"
မြင်းဇက်ဆွဲသံနဲ့အတူ ရထားဘေးရောက်လာတဲ့ မြင်းတပ်သား။

"မိန့်ပါဗိုလ်ကြီး"
"ဒီနှုန်းနဲ့ဆို မန်ချုးကဘယ်ချိန်ပြန်ရောက်မလဲ"
"နောက်နှစ်ရက် သုံးရက်ပါဗိုလ်ကြီး"
"ဖြတ်လမ်းမရှိဘူးလား"
"ဖြတ်လမ်းက တအားကြမ်းတယ်ဗိုလ်ကြီး၊ ရထားနဲ့ဖြတ်ရင် ပိုကြာလိမ့်မယ်"

လီယံသက်ပြင်းသာချလိုက်တယ်။
"အင်း ငါသိပြီ"

လက်ဟန်ပြလိုက်တာကြောင့် အနားကနေပြန်ထွက်သွားတဲ့ မြင်းတပ်သား။

စကားသံကျယ်သွားပုံပြင် ပေါင်ပေါ်က ဝက်ဝံလေးက အင်းအဲနဲ့နိုးလာပြန်တယ်။

" နိုးလာပြီလား ယောင်း"
"ဟုတ်"
"ရော့ ဒီမှာရေသောက်လိုက်"

ရေဗူးကို အိပ်ချင်မူးတူးလေးယူသောက်ပြန်တယ်။
လက်လုံးလုံးလေးတွေက နှစ်သက်ဖွယ် မြတ်နိုးဖွယ်အတိ။

ပြီးမှ နှုတ်ခမ်းကိုသုတ်ရင်း ဘေးဘီဝဲယာလှည့်ကြည့်တယ်။
"ကျွန်တော်တို့ ဆက်သွားနေပြီလား"
"ဟုတ်တယ် ယောင်းငယ်"

ဒီတစ်ခါတော့ မျက်နှာလေး ညှိုးကျသွားရုံကလွဲလို့ ဘာမှမပြောတော့။
ဘာမှမပြောတော့လဲ ခံစားရတာပါပဲ။

(ကိုယ်မျှော်လင့်ခွင့်ရှိမလား)
(မင်းကိုယ့်ကို ‌တနေ့မှာ ပြန်ချစ်လာမယ်လို့လေ)

My Glory Where stories live. Discover now