"ထယ်ယောင်း ထယ်ယောင်း"
အမောတကောနဲ့ပြေးလာတဲ့ ချင်းရန်။
(ဒီကောင် ဘာဖြစ်ပြန်ပြီလဲမသိ)"ဖြေးဖြေးပဲလာပါဟ ငါဒီမှာပဲရှိနေတာ"
"ဒုတိယ မင်းသား ဒုတိယမင်းသား"
"ဘာဖြစ်လဲ ဒုတိယမင်းသားက"
"ငါ့ကို ဒီနေ့ညချိန်းတယ်"
"ဟမ်?"အကြောင်းရာက တစ်စက်မှယုံချင်စရာမကောင်းပေမဲ့ ချင်းရန်ကတော့ တကယ့်အတည်ပြောနေတယ်။
"ဟုတ်လို့လား မင်းဟာက"
"ဟုတ်ပါတယ်ဆို ဒီမှာကြည့်"ခပ်သော့သော့လက်ရေးနဲ့ရေးထားတဲ့စာကို ချင်းရန်ကထုတ်ပြတယ်။
ည၉နာရီ အနောက်ဆောင်ကြာရေကန်တဲ့။(တယောက်ယောက်က ဒီကောင့်ကိုနောက်လိုက်တာများလား)
"အဲ့တာ ငါနဲ့ဘာဆိုင်လို့တုန်း"
"ဆိုင်တာပေါ့ ဒီနေ့ညပန်းခြံရှင်းဖို့တာဝန်ကျတာငါလေ"
"အဲ့တော့ ?"
"လုပ်ပါထယ်ယောင်းရာ ငါဂျူတီဝင်လိုက်ရင် သွားတွေ့လို့မရတော့ဘူးလေ"စည်းကမ်းတင်းကျပ်လွန်းတဲ့ နန်းတွင်းထဲမှာ ထယ်ယောင်းတခါမှ စည်းမဖောက်ခဲ့ဖူးပါ။
အပြစ်သေးသေးလေးကအစ နန်းတွင်းထဲကထုတ်ပစ်လေရဲ့။"လုပ်ပါ ထယ်ယောင်းရာ ဒီတစ်ခါပဲလေ"
မျက်နှာငယ်လေးနဲ့ တောင်းပန်နေတဲ့ချင်းရန်ကြောင့် သက်ပြင်းသာချလိုက်တော့တယ်။___________________________
ချင်းရန်ယောင်ဆောင်ပြီး တာဝန်ယူရမှာမို့ မျက်နှာကိုပုဝါဖြူနဲ့ အုပ်ထားလိုက်တယ်။
ထို့နောက် တိတ်တိတ် လေးပန်းခြံဝန်းဆီသို့။
အချိန်အားဖြင့် ည၈နာရီ။"ဟိတ် ဘယ်သူလဲ"
အနောက်ကခေါ်သံကကြောင့် ထယ်ယောင်းလန့်သွားတယ်။
သေချာတာပေါ့ ကင်းလှည့်နေတဲ့ရဲမက်တွေ အသံ။"ပန်းခြံဝန်းတာဝန်ကျလို့ပါ"
"ပုဝါက ဘာလို့အုပ်ထားတာလဲ"ညဘက်ကြီးပုဝါတကားကားနဲ့ ထယ်ယောင်းပုံစံကမသင်္ကာစရာကောင်းတယ်မဟုတ်လား။
"အဟွတ် အဟွတ်ဟွတ် ကျွန်တော်ကျွန်တော်နေမကောင်းဖြစ်နေလို့ ၊ ရောဂါကူးမှာစိုလို့ အုပ်ထားတာပါ"
"ဪ အင်းအင်း"
ကင်းလှည့်ဆကိထွက်သွားတဲ့ ရဲမက်တွေ။ထယ်ယောင်း သက်ပြင်းချပြီး ပန်းခြံသန့်ရှင်းရေးလုပ်နေလိုက်တယ်။

YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်