Ep11

430 41 3
                                    

"ထယ်ယောင်းလေး"
"‌ဗျာ"
"ကိုယ့်အတွကိ ပြန်မိန့်ကျလာပြီ"
"ဪဟုတ်"

ဆွယ်တာထိုင်ထိုးရင်းပြန်ဖြေတဲ့ ထယ်ယောင်းက နည်းနည်းမှဝမ်းနည်းပုံမပေါ်။

ထယ်ယောင်းထိုင်ခုံရှေ့မှာ ဒူးထောက်ထိုင်ပြီး ထိုးနေတဲ့လက်လေးကို ကိုင်လိုက်တယ်။

"ကိုယ်နဲ့တူတူလိုက်ခဲ့ပါလားဟင်"
"ဟင်"
"လိုက်ခဲ့ပါလား ၊ မန်ချူးကို"

"ကျွန် ကျွန်တော်"
"ကျွန်တော် ငယ်ငယ်ထဲကဒီနန်းတွင်းထဲမှာပဲ အစေခံလုပ်လာတာ၊ ဘယ်မှမရောက်ဖူးဘူး ၊ သွားလဲမသွားရဲဘူး"

အသံလေးတုန်ယင်လို့ပြောနေရှာတယ်။

"ကိုယ်မင်းကို ဟိုမှာကောင်းကောင်းမွန်မွန်ထားမှာပါ"
"....."

လက်သီးတွေဆုပ်ထားပြန်ပြီ။
ဒီကောင်လေး စိတ်လှုပ်ရှားနေပြန်ပြီထင်ပါရဲ့။
(အင်း မထူးတော့ပါဘူး တခါထဲပြောပြီးခေါ်သွားမယ်)

"ကိုယ်မင်းကို ချစ်တယ်ထယ်ယောင်းငယ်"
"ဗျာ"

"အရာရာမင်းစိတ်ကြိုက် မင်းသဘောဖြစ်စေရမယ်၊ အတည်အတကျလက်ထပ်ယူပြီး မိဖုရားတင်မြှောက်မယ်၊
ကိုယ့်ကြောင့်ရော တခြားသူကြောင့်ရော မျက်ရည်တစ်ပေါက်မှမကျစေရဘူးလို့လဲ အာမခံတယ်"

"ကိုယ့်ကို လက်ခံပေးပါလားယောင်းငယ်"

ဘုရားရေ၊
ငါအိမ်မက်မက်နေတာလား။
ဆုပ်ကိုင်ထားတဲ့လီယံလက်တွေထဲကနေ ရုန်းထွက်လိုက်တယ်။

"ကျွန်တော့်ကို အချိန်ပေးပါလီယံ"

မျက်နှာလေးနီရဲလို့ အပြေးတစ်ဝက်နဲ့ထွက်သွားတဲ့ မြတ်နိုးရာကို ငေးကြည့်ကျန်ခဲ့ပြန်တယ်။

(ကိုယ်မင်းကို လိုတာထက်ပိုချစ်မိပြီထင်ပါရဲ့)
(ချစ်တယ်ထယ်ယောင်းငယ်၊ ဆံစကနေ ခြေဖျားထိ မြတ်နိုးလှပါရဲ့ကွယ်)

ထယ်ယောင်ရဲ့ထိုးလက်စ သိုးမွှေးပုဝါလေးကို အကြည့်ရောက်မိတယ်။
(ကိုယ့်အတွက်များလား)

__________________________________

ထယ်ယောင်းရှက်ရှက်နဲ့သာ ပြေးထွက်လာတာ။
ထွက်လာပြီး‌ေတာ့လဲ ဘယ်သွားရမယ်လဲမသိ။

My Glory Where stories live. Discover now