Ep10

427 35 4
                                    

"ဝှီး ဖြောင်း"
"ဟိုက်ယား ဒုန်း"

ပုံမှန်အတိုင်း လေ့ကျင့်ကွင်းနားမှာ စာအုပ်ထိုင်ဖတ်နေတဲ့လီယံ။
ပုံမှန်မဟုတ်တာကတော့ တစ်ယောက်ထီးထီးကြီး‌ဒူးထောက်နေတဲ့ကောင်လေး။

စာအုပ်အကွယ်ကနေ လှမ်းလှမ်းကြည့်မိတာ ဘာကြောင့်မှန်းမသိ။
ခေါင်းကိုလဲတွင်တွင်ငုံ့ထားပြီး လက်သီးလုံးလုံးလေးတွေကိုလဲ ဆုပ်ထားသေး။

ဘာကြောင့်မှန်းမသိ မကြည့်ရမနေနိုင်ဖြစ်မိတယ်။
ကြည့်မိရင်လဲ ပြုံးမိပြန်ရော
ဪငါတော့ခက်ပြီ။

"ဝှီးးး"
ကြည့်ကောင်းနေတုန်းမှာပဲ မြှားပစ်ကွင်းကနေ လမ်းလွဲရောက်လာတဲ့ မြှားရှည်။

ခေါင်းငုံ့ထားတဲ့ ကောင်လေးကသတိထားမိပုံမပေါ်။
"ဟေ့ ဟေ့သတိထားအုန်း"

အပြောထက်ခန္ဓာကိုယ်က ပိုမြန်လို့ ဘယ်တုန်းကမြှားကိုကာလိုက်တယ်တောင် မသိတော့။
စိုးရိပ်စိတ်ကသာ ကြီးစိုးနေတယ်။

အဲ့ကျမှ မော့ကြည့်လာတဲ့မျက်လုံးဝိုင်းလေးတွေ။
ဘုရား ဘုရားရေ။
ဒါလူရောဟုတ်ရဲ့လား။

ဝိုင်းစက်နေတဲ့မျက်လုံးအိမ်
ညို့ယူလွနိးသော
အပြစ်ကင်းစင်လွန်းသော
တခြားနာမဝိသေသနတွေနဲ့ မဖော်ပြနိုင်အောင်ကို လှရက်လွန်းတယ်။

"ဟို ဟို ကျေးဇူးတင်ပါတယ်‌ဗျာ"
"အင်းရပါတယ်"
"ခင်ဗျားကို ထိသွားသေးလား"
"မထိပါဘူး ဒီလောက်ကအေးဆေးပဲ"

(ကိုယ်ကမန်ချူးအထူးတပ်ရဲ့ ဗိုလ်ကြီးပါကောင်လေးရယ်)
(ဒီမြှားပိစိလေးမှမဟုတ်ဘူး
လှံရှည်ကြီးလာရင်တောင် ဘယ်လိုကာရမယ်သိတယ်)

"ဒီမှာ အန္တာရယ်များတယ်ကောင်လေးရဲ့၊ ဘာလာလုပ်တာလဲ"
"ကျွန် ကျွန်တော် အပြစ်ပေးခံရတာပါ"

အဖြေကိုကြားတော့ ပိုလို့စိတ်မကောင်း။
အန္တာရယ်များတဲ့နေရာမှာမှ အပြစ်ပေးရလားကွယ်။

(ဘာပဲဖြစ်ဖြစ် မင်းကဒီနန်းတော်ထဲမှာ ကိုယ်နှစ်သက်မိတဲ့ တစ်ဦးတည်းသော လူပဲ)

ပြန်မိန့်မကျခင်ထိ အဖော်ရပြီပေါ့။
လီယံတွေးရင်းနဲ့ပဲ ထိုင်ခုံပုကို ထယ်ယောင်းနားသယ်လာလိုက်တယ်။

My Glory Where stories live. Discover now