Ep14

342 30 3
                                    

"ရီးဟီးး"
ရထားလုံးတစ်ခုနဲ့အတူ မြင်းတပ်တစ်ခု။
မနှေးမမြန်အလျှင်နဲ့ မြို့ရိုးပြင်ကို ထွက်ခွာနေတယ်။

"အင်းဟင်းး"
"နိုးပြီလား ယောင်း"
"ဟုတ် ဟင်"

နိုးခါစဝက်ဝံလေးက မရင်းနီးတဲ့ပတ်ဝန်းကျင်ကြောင့် ကိုယ်လေးကျုံ့သွားတယ်။
(ချစ်ဖို့ကောင်းလိုက်တာကွာ)

"ဟို ကျွန်တော်တို့ဘယ်သွားနေတာလဲဟင်"
"ကိုယ့်အိမ်ကို"
"ဗျာ"
"ကိုယ်မင်းကို မန်ချူးဆီခေါ်သွားမလို့"

"မဟုတ် မဟုတ်ဘူးလေ ကျွန်တော်လိုက်မယ်လို့မှ မပြောရသေးတာဗျာ"
"အင်း ကိုယ်သိတယ်၊ ဒါပေမဲ့ မင်းကိုယ်နဲ့လိုက်လာရမယ်"

"ကျွန်တော့်ကို ကျွန်တော့်ကိုထားခဲ့ပါ"
ရုတ်တရက်တည်သွားတဲ့ လီယံရဲ့မျက်နှာ။

"တောင်းပန်ပါတယ် ကျွန်တော့်ကို ဒီမှာပဲထားခဲ့ပါနော်၊ ကျွန်တော်ဂျောင်ကုနဲ့ပဲ နေချင်လို့ပါ"

"တောင်းပန်ပါတယ် ကျွန်တော့်ကိုဆင်းခွင့်ပြုပါ အီးဟိ့"
မျက်ရည်တွေ။
ယောင်းပါးပြင်က မျက်ရည်တွေ။
ကိုယ်မကြည့်ချင်ဘူး၊ လိုလဲမလိုချင်ဘူး။

ထယ်ယောင်းမျက်နှာလေးကို အသာဆွဲယူပြီး မျက်ရည်တွေကို ကြင်ကြင်နာနာသုတ်ပေးတယ်။

"မငိုနဲ့ယောင်းငယ်၊ ကိုယ်နာကျင်ရတယ်"
"ကျွန်တော့်ကို ထားခဲ့ပေးပါ၊ ရပ်ပေးပါရထားကို"

ပြောပြောဆိုဆိုနဲ့ ရထားပေါ်ကနေ ပြေးဆင်းဖို့ပြင်လိုက်တာမို့ လီယံအမှိချုပ်ဖက်ထားလိုက်တယ်။

ရင်ခွင်ထဲကဝက်ဝံက တသိမ့်သိမ့်တုန်ရီနေရှာတယ်။
ကျန်ရစ်ခဲ့တဲ့ လန်ဟွေ့မြို့ရိုးကို လည်ပြန်ငေးရင်းပေါ့။

"ဘာလို့လဲဗျာ"
"ကိုယ်.."
ပထမဆုံးယောင်းရဲ့ အမုန်းပါတဲ့အကြည့်ကို ကြည့်ခံလိုက်ရတယ်။
မျက်ရည်စတွေကြားကနေ ကြည့်နေတဲ့ယောင်းက သူ့ကိုရန်သူသဖွယ်ပင်။

(ကိုယ်မင်းကို မနာကျင်စေချင်ပါဘူး)
(ဒါပေမဲ့ ကိုယ်ဂျောင်ကုဆီက အကြွေးပြန်ယူရမယ်)

________________________

"ဘာ ထယ်ယောင်းမရှိတော့ဘူး"
"ဟုတ်ပါတယ် မင်းသား ၊ဒီမနက်ပဲ တပ်သားတွေစုပြီး အလျှင်စလိုထွက်သွားပါတယ်"

My Glory Where stories live. Discover now