"ထယ်ယောင်း သက်သာရဲ့လား"
ဆေးလက်ဖက်ကြမ်းတိုက်ပြီး အိပ်ရာပေါ်လှဲအိပ်စေတယ်။
ပိုးစောင်အောက်ကနေ ထယ်ယောင်းလက်ကိုအသာကိုင်လို့မေးပြန်တယ်။ဒေါသသံတို့ အလျဉ်းမရှိ။
"လီယံကျွန်တော့်ကို စိတ်မဆိုးဘူးလား""တကယ်ချစ်တဲ့သူက ကိုယ်ချစ်တဲ့သူအပေါ်မှာ ဘယ်တော့မှစိတ်ဆိုးမှာမဟုတ်ဘူးလေ ယောင်းရယ်"
"နောက်ပြီး ဒါကယောင်းရဲ့လွတ်လပ်မှုပါ"
"ဟိုကောင်ကိုစိတ်တိုပြီး ဆွဲထိုးတာတော ကိုယ့်လွတ်လပ်မှုပေါ့"ဘာမှမဖြစ်ခဲ့သလို ရယ်ကျဲကျဲလေးပြောနေတာကြောင့် ထယ်ယောင်းအားနာစိတ်တွေပိုရပြန်တယ်။
(ဒီလူက ငါ့ကိုကယ်ခဲ့တာမဟုတ်လား)"အေး ထယ်ယောင်းက ငါ့လူပဲ၊ သူ့ကိုထိတဲ့လူ ထိတဲ့နေရာကိုဖြတ်ပစ်မယ်"
"နားရွက်ထိရင် နားရွက်ကိုဖြတ်မယ်၊ လက်ကိုထိရင်လက်ကိုဖြတ်မယ်"
"နောက်တစ်ခါ ထိရင်ထိကြည့်၊ ငါဆိုတဲ့ကောင်က အပြောသက်သက်လား တကယ်လုပ်လား သိရတာပေါ့"
လီယံအရင်ကပြောဖူးတဲ့စကားကို ပြန်ကြားယောင်မိတယ်။
သူနဲ့ပက်သက်ရင် အထိခိုက်မခံနိုင် ခံစားချက်များတာကိုလဲ သတိထားမိတယ်။(လီယံရယ်၊ ကျွန်တော့်ကိုမှ ချစ်ရတယ်လို့ဗျာ)
_____________________________
"ဒုတိယသားတော် ဂျွန်ဂျောင်မင် ဝင်ခွင့်တောင်းပါတယ်"
အစောင့်ရဲမက်ရဲ့ အသံကို အမူယာနဲ့ဝင်ခွင့်ပြုလိုက်တယ်။
(ထယ်ယောင်းလေး အိပ်နေတာမို့ အသံကျယ်ကျယ်မထွက်ချင်)နောက်ပြီး
အိပ်ဆောင်ထဲ မရောက်စဖူးဝင်ရောက်လာတဲ့ ဂျောင်မင်။"ဒုတိယသားတော် ဂျွန်ဂျောင်မင်ပါ"
"အင်း ကြိုဆိုပါတယ် ဂျောင်မင်"သူ့ထက်ငယ်တဲ့ကောင်က မရိုမသေနမယ်ကို ဖျက်ခေါ်လာတော့ မွေးရာပါဒေါ်သက ထွက်လုဆဲဆဲပင်။
"အဟမ်း လီယံရဲ့ နေရပ်ပြန်ခရီးအတွက် လာနှုတ်ဆက်တာပါ ခရီးလမ်းဖြောင့်ဖြူးပါစေ"
YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်