Ep_17

299 25 4
                                    

"အွတ်"
လီယံထွက်သွားပြီးသိပ်မကြာ အနောက်ကနေချုပ်ခံလိုက်ရတဲ့ ခန္ဓာကိုယ်။

အကြောက်ကြောက်လန့်လန့်နဲ့ပင်
"တောင်း တောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ"
"ကိုယ်ပါယောင်းရဲ့"
"ဟင်"

ထယ်ယောင်းပြူးကြောင်ကြောင်လေး လှည့်ကြည့်မိတော့ ဂျောင်ကုမှဂျောင်ကုအစစ်။
ဝတ်ထားတာတော့ မြောက်ပိုင်းတပ်သားဝတ်စုံ။

"ဂျောင်ကု? ဘယ်လိုဖြစ်ပြီးးးး"
အယောင်ယောင်နနလေးနဲ့ ပြောနေတဲ့ယောင်းဟာ ချစ်စဖွယ်အတိပါ။

လုံးကစ်နေတဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ပစ်လိုက်တယ်။

"ယောင်းက ကိုယ့်ကိုထားသွားတော့ ကိုယ်ကလိုက်လာရတာပေါ့လို့"

"ကျွန်တော် ကျွန်တော်လဲထားခဲ့ချင်တာမှမဟုတ်တာကို"
ရုတ်တရက်ညိုးငယ်စွာ ပြောလာတော့ ဂျောင်ကုစိတ်‌မကောင်းပေ။

"စိတ်ချယောင်းငယ်။ ကိုယ်မင်းကိုရအောင်ကယ်မှာပါ"
"ဂျောင်ကု..."
"ကိုယ့်ကို ယုံတယ်မလား"
"ဟုတ် ဟင်?"

တစ်ချိန်ထဲကြားလိုက်ရတဲ့ ခြေသံ။
လီယံတို့ တပ်တွေပြန်လာတာပဲဖြစ်မည်။

ပိုတိုးလို့ဖက်တွယ်လာတဲ့ ယောင်းလက်တွေကိုဖြည်ချပြီး ဆုပ်ကိုင်ထားလိုက်တယ်။

"ယောင်း ကိုယ်နဲ့လိုက်ခဲ့မလား"

_________________________

"ဟော‌ဟဲ ဟောဟဲ"
ရထားလုံးဆီ ရရာ အင်အားနဲ့လျှောက်လာနေတယ်။

မြောက်ပိုင်းတပ်က အလဲလဲအကွဲကွဲနှင့် ရှုံးနှိမ့်ခဲ့ပေမဲ့လဲ လီယံတို့တပ်သားတွေလဲ အသက်မဆုံးပေမဲ့ ဒါဏ်ရာကမနည်းပေ။

အထူးသဖြင့် ခေါင်းဆောင်လီယံ။ သွေးထွက်များနေတဲ့ချိန်မှာမှ တအားလှုပ်ရှားထားတာမို့ သွေးထွက်လွန်နေပြီး သတိမလစ်တာပင် ကံကောင်း။

မရှိရှိတဲ့အားလေးနဲ့ ရထားဆီလျှောက်နေတာမို့ တပ်သားတချို့မှာ စိတ်မကောင်းဖြစ်ရပြန်တယ်။
တွဲထူပေးဖို့က သူတို့ကိုယ်တိုင်ပင် ဒါဏ်ရာအလိမ်းလိမ်း။

________________________________

"ယောင်း ကိုယ်ပြန်ရောက် ဟင်"
"ယောင်း ယောင်းငယ်"

My Glory Where stories live. Discover now