Ep9

413 32 10
                                    

"ဟူး"
အိပ်ဆောင်လှေကားထစ်လေးမှာ ထိုင်စောင့်နေတဲ့ဂျောင်ကု။
ဝင်လုဆဲဆဲနေလုံးကို ဖြတ်သန်းလို့ အိပ်တန်းဆီပျံနေတဲ့ငှက်တွေ။

ငေးကြည့်ရင်း သက်ပြင်းချမိတာ ဘယ်နှကြိမ်မှန်းမသိတော့။
"ဘယ်တွေသွားနေတာလဲ ချင်းရန်ရယ်"

နေလယ်စာလာအပို့ကို စောင့်နေတာ အခုနေတောင်ဝင်တော့မယ်မဟုတ်လား။

ပြန်ကောင်းသွားတဲ့မျက်လုံးကို ပြချင်လှပြီ။
နောက်ပြီး ချစ်ရသူကိုလဲ မြင်ချင်လှပြီ။
ဒါပေမဲ့ မျှော်နေသူကရောက်မလာခဲ့။

အိပ်ဆောင်အဝင်ပေါက်လေးကို ဆွေးဆွေးမြေ့ငေးရင်း နေလုံးလဲဝင် မိုးလဲချုပ်ခဲ့ပေါ့။

"ကိုယ့်ဆီဘာလို့ မလာတော့တာလဲကွာ"

________________________

"ချင်းရန် မင်းပြောတာဟုတ်ရောဟုတ်ရဲ့လား"
"စိတ်ချပါ၊ ဒုတိယမင်းသားရယ်၊ အချိန်တန်ရင် ဘုရင့်ပလ္လင်က ရှင့်အတွက်ပဲ"

ချင်းရန်ကို တဖြည်းဖြည်း ယုံကြည်မှုနည်းလာတာအမှန်ပင်။
မိဖုရားကြီးကနေတဆင့် နမယ်ကောင် နေရာကောင်းရအောင် လုပ်ပေးမယ်ဆိုတာ။

သို့သော အခုထိသူ့ကိုစစ်တပ်တစ်တပ်တောင် မချီးမြှင့်။
အချုပ်ကျနေတဲ့ ဂျောင်ကုတောင် စစ်တပ်ရှိသေးတယ် မဟုတ်လား။

"မင်းဒီတိုင်း အပြောပဲပြောနေရင် ငါတို့အပေးယူကိုအဆုံးသတ်ရလိမ့်မယ်"
"ဂျောင်ကု ပြန်လာမှာကိုစိတ်ပူနေတာလား"

"အဲ့ကောင်က ငါ့အတွက်ဆူးငြောင့်ပဲ"

"စိတ်ချစမ်းပါ။
တစ်ခါမှားဖူးတာနဲ့ တစ်သက်လုံးပါသွားမှာ၊ အခုပြည်သူတွေရဲ့ရင်ထဲမှာ ‌တတိယမင်းသားဆိုတာမရှိတော့ဘူးလေ"

"အင်း"

"အဲ့တော့ ပထမမင်းသားကိုရှင်းနိုင်တာနဲ့ ဘုရင့်နေရာကအေးဆေးပါပဲ၊ နောက်ပြီးမိဖုရားကြီးကလဲ ဒုတိယမင်းသားရဲ့ကောင်းသတင်းတွေပဲကြားထားတာ"

"ဟားဟား မင်းသိပ်တော်တယ် ချင်းရန်"

ကျေနပ်စွာပြောတဲ့ ဂျွန်ဂျောင်မင်။

အမှန်တိုင်းပြောရရင် ချင်းရန်ဆိုတဲ့ကောင်က အစေခံဘဝကလာတယ်သာပြောတာ တောတောကိုလှတယ်။

My Glory Where stories live. Discover now