"ချင်းရန် ထတော့ ဒီနေ့သွားစရာရှိတယ်လေ "
"နင်ငါ့ကို ဘယ်လိုခေါ်လိုက်တယ်?"
"ဟင်"
"ငါကအခု မိဖုရားနော်၊ အစေခံကများ ငါ့နမယ်ကိုခေါ်ရဲတယ်"ချင်းရန်က ဒေါ်သတကြီးပြောလာတာမို့ ထယ်ယောင်းကိုယ်လေးကျုံ့သွားတယ်။
"ပြန်ပြောင်းခေါ်စမ်း"
"မိဖုရားချင် "
"အင်းတော်တယ်"
"ဒီနေ့ မိဖုရားကြီးတွေကို ဂါရဝသွားပြုရမှာမို့ ရေချိုးဖို့ပြင်ပေးထားပါတယ်"
" အင်း "ရေချိုးကန်ဘက်ကို ထွက်သွားတဲ့ချင်းရန်ကိုကြည့်နေမိတယ်။
တခြားလူတစ်ယောက်လိုကို ပြောင်းလဲသွားတာ။
အရင်ကပြုံးရီနေတတ်တဲ့ ချင်းရန်မဟုတ်တော့။"ဒေါက်ဒေါက် အစေခံထယ်ယောင်းကို တတိယမင်းသားခေါ်ခိုင်းလိုက်ပါတယ်"
ထယ်ယောင်းသက်ပြင်းချပြီး အခန်းထဲကထွက်သွားတော့တယ်။
(မင်းသားက ချင်းရန်အကြောင်းတွေမေးလိုက် တိုင်ပင်လိုက်နဲ့ စိတ်လှုပ်ရှားနေရှာတာ)ဒီနေ့လဲ ဘာမေးဖို့ခေါ်ပြန်ပြီလဲမသိ။
___________________________
"ဒါ ဒါဘာကြီးလဲ"
ထယ်ယောင်းသူ့ရှေ့ကအရာကိုကြည့်ပြီး လန့်သွားတယ်။"မြင်းလေ ထယ်ယောင်းမြင်းတခါမှမမြင်ဖူးဘူးလား"
"ဗျာ"
"ဒီလိုဦးခေါင်းချွန်ချွန်နဲ့ ခြေလေးချောင်းကိုမှ အမှီးနှောက်နဲ့ကောင်ကို မြင်းလို့ခေါ်တယ် ထယ်ယောင်းရဲ့ မမြင်ဖူးရင်ကြည့်ထား""ဪ မြင်းမှန်းတော့သိတာပေါ့ဗျာ၊ ဒီမြင်းကြီးကိုဘာလုပ်ရမှာတုန်း"
(ဒီမင်းသားငါ့ကို ဒုံးဝေးလွန်းတဲ့ ငတုံးများထင်နေရော့လား)"ကိုယ်ဒီနေ့ စမ်းသပ်စရာရှိလို့၊ ချင်းရန်ကြိုက်မကြိုက်မသိတာနဲ့ မင်းနဲ့အရင်လုပ်ကြည့်မှာ"
ဂျောင်ကုစကားကို နားမလည်နိုင်။
မြင်းပေါ်တတ်ပြီး စီးထွက်သွားတဲ့ဂျောင်ကုကိုသာ ကြည့်နေမိတယ်။တောတောလှမ်းလှမ်းရောက်မှ မြင်းကိုဒုန်းစိုင်းစီးပြီး သူ့ဆီတည့်တည့်လာနေတယ်။
"အမလေးဗျ"
ထယ်ယောင်းလန့်လွန်းလို့ ငယ်သံပါအောင်အော်လိုက်တယ်။
(ဒီမင်းသား ငါ့ကိုသေစေချင်နေတာလား)
YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်