"ဘာ? ဂျောင်ကုက လီယံကိုလုပ်ကြံတယ်"
"ဟုတ်ပါတယ် ဖမည်းတော် ၊ကျွန်တော်မျက်မြင်တွေ့လိုက်တာပါ"
ဒုတိယသားတော်ရဲ့ လျှောက်တင်ချက်အပြီးမှာ သွေးပါတတ်သွားတဲ့ လမ်ဟွေ့ဘုရင်။(ဒီကောင်ရူးသွားတာလား၊ မန်ချူးတွေဘယ်လောက် အင်အားကောင်းလဲဆိုတာ တစ်လောကလုံးအသိ)
"ဒီကောင် တပ်သားတွေခေါ်သွားသေးလား"
"ကျွန်တော် မြင်ရသလောက်ဆို စီးတော်မြင်းနဲ့အတူတစ်ယောက်ထဲထွက်သွားတာပါ""ဟမ်၊ လီယံတပ်ကို တစ်ယောက်ထဲသွားလုပ်ကြံတာလို့ ပြောချင်တာလား"
"သားတော် သံသယဝင်နေတာတစ်ခုရှိပါတယ်၊ လျောက်သင့်မလျောက်သင့် ချင့်ချိန်နေမိပါတယ်""မြန်မြန်သာလျောက်တင်ပါ၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အရေးတကြီးအချိန်ရောက်နေပြီ"
"ဂျောင်ကုက တစ်ယောက်ထဲထွက်သွားပေမဲ့၊ တစ်ယောက်ထဲတော့ တိုက်မယ့်ပုံမပေါ်ဘူး၊ ကျွန်တော်ထင်တာမမှားဘူးဆိုရင်...."
ဂျောင်မင်မဲ့ပြုံးပြုံးလိုက်တယ်။
"မြောက်ပိုင်းတပ်တွေကို လီယံတို့ပြန်လမ်းအနားမှာ အရိပ်ယောင်တွေ့ခဲ့ပါတယ်"
"မင်းဆိုလိုချင်တာက"
"ဟုတ်ပါတယ်၊ တတိယသားတော်ဂျွန်ဂျောင်ကုက မြောက်ပိုင်းသူပုန်တွေနဲ့ ပက်သက်နေတာ သေချာသလောက်ပဲ""နောက်ပြီး သိပ်မကြာခင်က ဖမည်းတော်ကိုတောင် လုပ်ကြံဖို့ကြိုးစားခဲ့တယ်မဟုတ်လား"
တွေးစစဖြစ်သွားတဲ့ ဘုရင်ကိုကြည့်ပြီး သွေးထိုးမှုအောင်မြင်သွားမှန်း သိလိုက်တယ်။
(ဂျောင်ကု မင်းအတွက် သင်္ချိုင်းတောင်မရှိစေရဘူး)"အဲ့လိုဆိုရင်တောင် ဂျောင်ကုက လီယံကိုဘာကိစ္စလုပ်ကြံရတာလဲ"
"ဖမည်းတော်မသိတာ တစ်ခုရှိပါသေးတယ်"
"ဘာများလဲ""လီယံက ဂျောင်ကုရဲ့ အမေတူအဖေကွဲညီပါ"
"ဟေ"
_____________________________
"ဖောင်း"
"ရွှီး ဟိုက်းရား"တိုက်သံခိုက်သံတွေနဲ့ တစ်ခဏအတွင်းမှာ စစ်မြေပြင်အသွင်သို့ ပြောင်းသွားတယ်။
YOU ARE READING
My Glory
Fanfictionငါအမြဲလိုချင်တဲ့မင်းက ငါ့ဘေးနားမှာရှိနေပါရက် မမြင်ခဲ့မိဘူး တောင်းပန်ပါတယ် ငါမင်းကိုအမြဲနာကျင်စေခဲ့ပြီ တတိယသားတော် ဂျွန်