Ep 1

604 41 0
                                    

"သွားစမ်း အရှေ့ကိုမြန်မြန်"
"အ့ "
ခပ်ကြမ်းကြမ်းစောင့်တွန်းခံလိုက်ရတာမို့ ထယ်ယောင်းကိုယ်ကအရှေ့ကို ယိုင်သွားတယ်။

နန်းတွင်းအရာရှိတစ်ဦးက လူတန်းရှည်ကြီးကို တစ်ယောက်ချင်းစီ စစ်ဆေးနေတယ်။

ငိုယိုနေတဲ့မိဘတွေကို ခပ်လှမ်းလှမ်းကနေမြင်နေရတယ်။
သူအပါဝင် လူတန်းရှည်မှာကတော့ အသက်၁၃နှစ်အရွယ် က‌ လေးတွေ။

အားလုံးက နန်းတွင်းထဲဝင်ခွင့်ရဖို့လူတွေ့စစ်ဆေးလာခံကြတာ။

"မင်းကျတယ်"
ခေါင်းငိုက်စိုက်ပြီး ပြန်သွားတဲ့ကောင်လေး။
(ငါရော ငါရောအောင်ပါ့မလား)

အရှေ့မှာ စာတွေ့တွေ လက်တွေ့တွေဖြေပြီးပြီမို့ လူတွေ့ဖြေပြီးတာနဲ့ နန်းတွင်းထဲဝင်ရတော့မှာ။
၁၃နှစ်သားထယ်ယောင်းရဲ့လက်တွေ တုန်ရီနေတယ်။

သူအရမ်းအောင်ချင်နေတယ်။ စိတ်လဲလှုပ်ရှာတယ်။
နန်းတွင်းအပြင်နဲ့ နန်းတွင်းထဲက ဘဝတွေက ကွာခြားလွန်းတယ်မဟုတ်လား။

နန်းတွင်းထဲမှာ ကပ်ရောဂါတွေ ဆင်းရဲငတ်ပြတ်မှုတွေမှမရှိဘဲ။
ပြီးတော့ အထဲမှာကလစာလည်း တန်ရာတန်ကြေးရတယ်မဟုတ်လား။

ဒီငွေတွေစုပြီး အဖွားဆီပြန်ပို့ရင် အဖွားကျန်းမာရေးပြန်ကောင်းမယ်ထင်ပါရဲ့။
လွမ်းတယ်အဖွားရယ် အိပ်ရာထဲမှာချန်ခဲ့ရတာမို့ စိတ်မချနိုင်။

"နောက်တစ်ယောက် လာမယ်"
ခပ်ကျယ်ကျယ်အသံကြောင့် ထယ်ယောင်းအတွေးတွေပြတ်သွားတယ်။

အရာရှိရှေ့မှာရပ်လိုက်တော့ သူက ထယ်ယောင်းမျက်နှာကို ခပ်ကြမ်းကြမ်းဆွဲယူပြီး သေချာကြည့်တယ်။
ပြီးတော့ တစ်လုံးချင်းပြောတာက

"မင်း အောင် တယ်"

_____________________

အောင်တယ်တဲ့ ။
တကယ်ကြီးလား။
ဒါဆို ငါနန်းတွင်းထဲတကယ်ဝင်ခွင့်ရပြီပေါ့။

အပျော်ကြီးပျော်သွားတဲ့ထယ်ယောင်း။
ဝင်ခွင့်ရ တံဆိပ်ပြားကိုအိန်းကျီထဲထည့်ပြီး အိမ်ကိုအပြေးပြန်လာခဲ့တယ်။

အဖွားရေ ကျွန်တော်အောင်သွားပြီ သိလား။
အဖွားအတွက် ပိုက်ဆံတွေရှာပြီး ဆေးကုလို့ရပြီ။

My Glory Where stories live. Discover now