Chapter 19

339 22 9
                                    

အချိန်တွေကိုကုန်လွန်မှန်းမသိကုန်လွန်စေခဲ့မှန်းယွန်းသတိမထားမိပါ။Robert မြန်မာနိုင်ငံက ထွက်သွားပြီးတဲ့နောက် ယွန်းလဲ Daddyရဲ့အလုပ်ကို ဦးစီးကာလုပ်ကိုင်ခဲ့သည်။ သားလေး Henryကတော့ ရေမြေအသစ်မှာတဖြည်းဖြည်း နေသားကျလာကာ ဗမာစကားအချို့ မပီကလာပီကလာတော့ ပြောတတ်ခဲ့ပါသည်။

တယောက်သောသူကိုတော့တမင်မေ့ထားခဲ့တာကြာပါပြီလေ...။

ဒေါက်...ဒေါက်

တံခါးခေါက်သံကြားလိုက်ကာမှအတွေးရေယာဉ်ထဲမျှောလွင့်နေရာမှပြန်နိုးထလာခဲ့သည်။

Come in


သူမ၏အတွင်းရေးမှူး ငြိမ်းသံသာ။

မမ

အင်း ဘာကိစ္စရှိလို့လဲ

ဧည့်သည်ရောက်နေပါတယ် မမ

ဘယ်သူလဲ၊ ဒီနေ့သီးသန့်တွေ့ရမယ့်သူ မရှိဘူးထင်တယ်


အရေးကြီးကိစ္စပြောစရာရှိတယ်လို့ပြောပါတယ်၊ STAR Construction & Hotel Groups က Secretary နေမင်းရှိန်လို့ပြောပါတယ်၊ မမတွေ့ဖို့အဆင်ပြေမလား၊ဒါမှမဟုတ်ငြင်းလိုက်ရမလား

ရောက်လာနေပြီပဲ၊ လွတ်လိုက်ပါ

ဟုတ်ကဲ့ မမ

ငြိမ်းသံသာထွက်သွားပြီးနောက်ထိုလူဝင်လာခဲ့သည်။

မင်္ဂလာပါ Boss Bella!

မင်္ဂလာပါ၊ မယ်ယွန်းဘုံလို့ခေါ်လို့ရပါတယ်

ဟုတ်ကဲ့ခင်ဗျ၊ ကျွန်တော်ကနေမင်းရှိန်ပါ Star ကပါ

ဟုတ်ကဲ့ ထိုင်ပါရှင်

ဧည့်တွေ့နေရာ၌ထိုင်ဖို့နေရာညွန်းပေးလိုက်သည်။ ငြိမ်းကလက်ဖက်ရည်နှင့်မုန့်ယူလာပေးပါသည်။

သုံးဆောင်ပါဦးရှင့်

ကျေးဇူးတင်ပါတယ်ဗျာ

ဒါနဲ့အရေးကြီးပြောစရာရှိတယ်ဆိုတာက ဘာများလဲရှင်

မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)Where stories live. Discover now