Chapter 32

126 6 0
                                    

တရားရုံး၌လက်မှတ်ထိုးစာချုပ်ချုပ်ဆိုပြီး အမရာနှင့်နေမင်း အကြင်လင်မယားအဖြစ်ခံယူလိုက်ကြပါပြီ။ ဘယ်အရာကမှ သူတို့နှစ်ဦးကိုမတားဆီးနိုင်ဘူးဆိုတာ ယုံကြည်ခိုင်မာနေပြီလေ။ တစ်ယောက်ကိုတယောက်ချစ်ခြင်းမေတ္တာ၊ယုံကြည်မူအပြည့်နဲ့ နွေးထွေးစွာဆုပ်ကိုင်ထားတဲ့ လက်လေးတွေက ခိုင်မြဲခြင်းအပြည့်ပါလေ။

အမရာ

ရှင် ကိုကို

အမရာနောင်တမရဘူးဆိုတာ သေချာရဲ့လားဟင်

နောင်တရဖို့ဆိုတာ ဝေလာဝေးပါ ကိုကိုရဲ့၊ အမရာ့အတွက် အမှန်ကန်ဆုံးဆုံးဖြတ်ချက်က ကိုကိုနဲ့လက်ထပ်ခဲ့တာပါရှင့်

အမရာ့ကိုရွှေဘုံစံဘဝလေးကို မိဘလဲမရှိ ဆွေမရှိမျိုးမရှိ တကောင်ကြွက် ကိုကို့လိုလူက ကြီးကျယ်ခမ်းနားမူတွေ မပေးနိုင်လို့ ကိုကို အားလဲနာတယ်၊ ကျေးဇူးလဲတင်တယ် ကိုကို့ကိုရွှေးချယ်ပေးခဲ့လို့

အမရာကသာ ကိုကို့ကိုကျေးဇူးတင်ရမှာပါ ကိုကိုရဲ့၊ အမရာက အခု အမွေပြတ်စွန့်လွတ်ထားတဲ့သူလေ၊ ကိုကိုက အမရာ့ကိုလက်ထပ်ခဲ့လို့ ပိုပြီးတော့ ကျေးဇူးတင်နေတာပေါ့

အဟွန်း ဟွန်း ချစ်လိုက်တာ ကလေးရယ်

အမရာကပိုချစ်တာပါနော် အဟင်း

အခုဘယ်သွားကြမလဲ အမရာလေး ဘာလုပ်ချင်လဲ ဘာဖြစ်လဲ ပြော ကိုကိုအားလုံးဖြည့်ဆည်းပေးမယ်

ဝါး အမရာ့နတ်သားလေးပေါ့ ဆုတောင်းတွေဖြည့်ဆည်းပေးမယ်ဆိုတော့၊ အင်း အမရာလေ ကိုကို့ကိုမိသားစုဘဝလေးတည်ဆောက်ပေးချင်တယ် သားသားမီးမီးတွေအများကြီးမွေးပြီး ကိုကို့ကိုပျော်စရာကောင်းတဲ့ မိသားစုဘဝလေးဖန်တီးပေးချင်တယ်

နေမင်း အမရာ ကိုယ်လေးကိုဖက်လိုက်ကာ

တကယ်လား ဒါဆို သားသားမီးမီးတွေမွေးပေးဖို့Readyဖြစ်ပြီလား၊ ကိုကိုကတော့ အားကောင်းမောင်းသန်ပဲနော် တခါတည်း၃ ၄ မွှာပူး မွေးမလား ဘေဘီ ပြောသာပြောလိုက် ဟား ဟား

အမရာ ကိုကို့ရင်ကို လက်သီးဆုပ်လေးဖြင့် ဖွဖွထုကာ မျက်နှာလေးကို ကိုကို့ရင်ခွင်ထဲဖွက်ထားလိုက်သည်။ ကိုကိုလူဆိုးပါလား။

မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)Donde viven las historias. Descúbrelo ahora