Chapter 17(Unicode)

167 4 0
                                    

ရုတ်တရက် ဂုဏ်ထည်ဝါ စိတ်တွေလေးလံကာခေါင်းတွေထိုးကိုက်လို့လာသည်။ လေဆိပ်ကပြန်လာကတည်းက ထိုကဲ့သို့စိတ်ထဲခံစားနေမိသည်။ လုပ်ရမည့်အလုပ်တွေကများနှင့် စိတ်ညစ်ရသည်။

ဘယ်လိုဖြစ်တာပါလိမ့်.စိတ်တွေလေးလံပြီး အပြေးပြိုင်ထားသလိုမျိုး မောပန်းနေရသည့်ခံစားချက်မျိုးက ဘာလဲ...။

ဟား...

"ထည်ဝါ မင်းကြည့်ရတာ အရမ်းပင်ပန်းနေသလိုပဲ အဆင်ပြေရဲ့လား"

"အင်း ခေါင်းနည်းနည်းကိုက်နေတယ် ရပါတယ် ဘယ်လိုလဲ အဆင်ပြေရဲ့လား သူတို့ဖက်က ကျေနပ်မူရှိတယ်တဲ့လား"

"သေချာတာပေါ့၊ သူတို့ဖက်က ငါတို့နဲ့တွဲဖက်ပြီးအလုပ်လုပ်ရတာ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်တဲ့။ ဒါပေမယ် သူတို့ "Day Light Hotel" ကိုလဲဝင်ရဦးမယ်တဲ့။ သူတို့နဲ့လည်း အလုပ်လုပ်စရာတွေရှိသေးတယ်တဲ့"

"အင်း ဟုတ်လား ဒါဆိုလည်း သူတို့အဆင်ပြေအောင် စီစဉ်ပေးလိုက်ပါ"

"ဟုတ်ပါပြီကွာ မင်းလည်းနားသင့်ပြီ အိမ်ပြန်ပြီးဖြစ်ဖြစ်နားလိုက်ပါလား"

"ရပါတယ် ငါနောက်မှပဲ ခဏနေရင် ငါ အမရာနဲ့သွားတွေ့ရဦးမှာ ဒါနဲ့ ဟိုတယ်ကDay Light နော် မင်းပြောတာ အမရာငါ့ကိုပြောတဲ့နေရာကလည်း အဲ့ဟိုတယ်ပဲ"

"ဟုတ်လား နေပါဦး အဲ့တာ အန်ကယ်ပြောပြောနေတဲ့ ဦးနေရောင်တို့ ဟိုတယ်မလား"

"အော် အင်း ဟုတ်သားပဲ ဒယ်ဒီပြောပြဖူးတယ် ဦးနေရောင်လည်း Interior အပြင်အဆင်ပိုပြီး Upgrade လုပ်ချင်လို့ထင်တယ်"

"အင်းဖြစ်နိုင်တယ် ဒါဆိုမင်းကော တစ်ခါတည်းလိုက်ခဲ့မလား ငါတို့နဲ့"

"တော်ပြီ ငါအိမ်ပြန်ပြီး ရေမိုးချိုးပြီးမှပဲ သွားတော့မယ် အမရာနဲ့ချိန်းထားတာက ညနေ၆ နာရီဆိုတော့"

"အင်း အိုကေလေ၊ ဒါဆို ငါ သူတို့ကိုသေချာစီစဉ်ပြီးလိုက်ပို့လိုက်မယ် ငါ ကား ဒရိုင်ဘာကို ကားအဆင်သင့်ပြင်ဖို့ဖုန်းဆက်လိုက်မယ် ဆေးသောက်လိုက်နော် အဆင်မပြေရင် ငါ့ကိုပြော ဒေါက်တာစိုးထွေးက ဘယ်အချိန်ဖြစ်ဖြစ်လာခဲ့မယ်တဲ့"

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Where stories live. Discover now