Chapter-30

82 3 0
                                    

ယွန်း တစ်ညလုံး ဒယ်ဒီပြောတဲ့စကားတွေကြောင့် အိပ်မရခဲ့ပါ။ဒယ်ဒီပြောတဲ့စကားတွေကအမှန်တွေဆိုတာယွန်းလက်ခံပါတယ်။

ဒါပေမယ့်...ယွန်းကြုံခဲ့ရတဲ့နာကျင်မူတွေကဘယ်လိုလုပ်မေ့ပျောက်လွယ်ပါ့မလဲ။

Henryကိုယွန်းဘယ်လောက်ခက်ခက်ခဲခဲမွေးခဲ့တယ်ဆိုတာဂုဏ်ထည်ဝါတို့မိသားစုတွေဘယ်လောက်သိလို့အခုမှသားလေးကိုပိုင်ဆိုင်ဖို့ကြိုးစားရတာလဲ။

ဟင့်အင်း...သားလေးကိုဘယ်လိုမှမပေးနိုင်ဘူး။ သားလေးကယွန်းရဲ့အသက်ရှင်နေရတဲ့အကြောင်းအရာလေးပဲ။

Bellaဆိုတာသူထားခဲ့တဲ့နေ့မှာတင်သေဆုံးသွားခဲ့တာကြာပြီ။ အခုမှ အရာအားလုံးသင်ပုန်းချေပြီး သူ့ကိုလက်ထပ်ရမယ်တဲ့လား...။ လုံးဝမဖြစ်နိုင်ဘူး...။

သားလေးနဲ့ယွန်း ဒယ်ဒီတို့မသိအောင် ဒီကထွက်သွားဖို့ပြင်ဆင်ရမယ်။

မနက်မိုးလင်းခါစမှမှေးခနဲအိပ်ပျော်သွားတော့သည်။ သူမနိုးလာတဲ့အချိန်၈နာရီထိုးနေပြီဖြစ်၍ ဒီညသားနဲ့အတူထွက်သွားဖို့လက်မှတ်လဲဖြတ်ထားပြီးပြီလေ။ဒီနေ့သားသွားချင်တဲ့နေရာလေးပို့ပေးဖို့စဉ်းစားထားတာမလို့ နံနက်စာစားဖို့ဆင်းလာခဲ့သည်။

မမ မနက်စာကော်ဖီနဲ့မုန့်ပြင်ထားပါတယ်၊ တခြားဘာစားချင်တာရှိသေးလဲ မမ

အင်း ရပါတယ်၊ မလိုပါဘူး။ စုစု သားကော ဘာကျွေးထားသေးလဲ

Henryလေးကို ကိုဂုဏ်ထည်ဝါမနက်က လာခေါ်သွားတယ် မမ

ဘာ!!! ဘယ်လို? ဘယ်သူကလာခေါ်သွားတာလဲ?

ဟုတ်တယ် မာမီထည့်ပေးလိုက်တာ၊ ဝေက သူ့မြေးလေးကိုတွေ့ချင်တယ်ဆိုလို့လေ

မာမီ ဘာလို့သမီးမမေးပဲထည့်ပေးလိုက်ရတာလဲ

ဩော် သူ့မြေးပဲလေ သူတို့လဲတွေ့ချင်ရှာမှာပေါ့ မဟုတ်ဘူးလား၊ အချိန်တန်ရင်ပြန်လာပို့လိမ့်မယ်

မာမီကလဲ အန်တီဝေတို့အိမ်လိပ်စာပြောပါ သမီးလိုက်သွားမယ် ရှုပ်ပါတယ် မာမီပါလိုက်ခဲ့

ဟဲ့ အော် ဘယ်လိုလုပ်အတင်းဆွဲနေတာလဲ

●●●●●●●●●●●●●●●●

မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)Where stories live. Discover now