Chapter 24

299 17 3
                                    

အတွေးထဲမှာအမြဲတမ်းတွေးနေသည့်အကြောင်းကတော့Bellaအကြောင်းပါပဲ။နေမင်းရှိန်ကိုသူမအကြောင်းစုံစမ်းစေလိုက်တော့သူမက Single Mother တစ်ယောက်ဖြစ်နေသည်။သူမအတိတ်မှာဘယ်လိုဖြစ်ခဲ့တာလဲဆိုတာသူမသိချင်ပါ၊သူမရဲဂုဏ်သိက္ခာကိုသူလေးစားပြီးသားပါ။လောလောဆယ်သူ့အတွေးထဲကထုတ်မရတာကအထူးသဖြင့်Daddyလို့ခေါ်သံလေး...။

မင်းမိုး ငါတစ်ခုလောက်မေးချင်လို့

မေးလေ ဘာများလဲ

ခွက်ထဲမှလက်ကျန်အရက်ကိုသောက်လိုက်ရင်း...

ဒီလိုကွာ၊ ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို Daddy လို့ခေါ်တာဆိုရင် သူတို့နှစ်ယောက်ရဲ့ ပတ်သက်မူကဘာလဲ?

သူ့စကားနားထောင်ပြီးမင်းမိုးမျက်ခုံးပင့်သွားကာ...

ဟေ မင်းဟာက စားတယ်ကွ၊ ဒါကဒီလိုရှိတယ်၊ ဒါနဲ့နေပါဦး မင်းဘယ်သူ့အကြောင်းပြောနေတာလဲ ဒါမှမဟုတ် မင်းစာရေးမလို့လား

မေးတာသာဖြေစမ်းပါကွာ၊ငါဦးနှောက်ခြောက်နေလို့

အင်း ကလေးတစ်ယောက်က Daddy လို့ခေါ်တာဆိုရင်တော့ အဲ့တာသူ့အဖေပေါ့ကွာ

အဲ့လောက်တော့ငါမသိပဲနေမလား၊မသိဘူးမလား မင်း

မသိစရာလားကွ၊ငါ့ကိုDaddyခေါ်တဲ့ကောင်မလေး၂ယောက်တောင်ရှိခဲ့တယ်လေ

အင်း ဆိုစမ်းပါဦး

မင်းမိုးကအာလူးချောင်းကြော်ယူစားလိုက်ပြီး...

ဒါကကွာ နည်းနည်းတော့နက်နဲတယ်၊ RS(Relationship)တော့ဟုတ်ပေမယ့် များသောအားဖြင့်တော့ Having Sexဖြစ်ဖူးတဲ့ RS မျိုးပေါ့ကွာ၊ တချို့ကတော့ Sponsorဘဲကြီးတွေကို Sugar Daddyလို့ခေါ်နေကြတာပဲ

အင်း ဟုတ်လား

နေစမ်းပါဦး ငါသိချင်တာကမင်းဘာ့အတွက်ဒီလိုမေးတာလဲ

ဘာမှမဟုတ်ပါဘူးကွာ၊ငါသွားစရာရှိတယ် မင်းမပြန်သေးဘူးလား

မင်းကငါ့အပိုင်ပဲ...💜(You Are Mine...💜)Where stories live. Discover now