Chapter 1 (Unicode)

429 9 0
                                    

Unicode ပြောင်းထားတာ ဖတ်ရတာအဆင်ပြေလားမသိဘူး

"Will You Marry Me"

     သံသာငြိမ့်ညောင်းသော Violin သံများနှင့်အတူ မှိန်ဖျော့ဖျော့ မီးအလင်းရောင်များကြောင့် ညကပို၍ Romantic ဆန်နေသလိုပင်။

    ထိုညရဲ့ အဓိကအကျဆုံးသော လူသား "ဂုဏ်ထည်ဝါ" အတွက်တော့ သမိုင်းဝင်ညတစ်ည။

ရင်ခုန်စိတ်လူပ်ရှားစွာဖြင့် ဒူးတစ်ဖက်ထောက်ထားပြီး လက်ထဲမှ ဗူးလေးကိုဖွင့်ကာ တန်ဖိုးကြီးသော စိန်ပွင့်အကြီးတပွင့်ထဲကို အလှဆုံးပုံဖော်ကာ ပြုလုပ်ခိုင်းထားတဲ့ Proposal Ring နှင့်အတူ သူ့ရဲ့ ဘဝခရီးတလျှောက် အကောင်းအဆိုးကို အတူမျှဝေခံစားမယ့် သူ့ရဲ့နတ်သမီးလေး "ရှင်းသန့်မေ" ကို Propose လုပ်နေခြင်းဖြစ်သည်။

အရာအားလုံးဟာ မင်သက်လှပလွန်းလို့ ပန်းချီဆရာရေးဆွဲချယ်မူန်းထားသလား ထင်ရသည်။

"May...! ကိုယ့်ကိုလက်ထပ်နိုင်မလား"

စိတ်လူပ်ရှားစွာတုန်ယင်နေသော အသံကိုထိန်းကာ မျှော်လင့်တကြီး "Yes" ဆိုတဲ့ အဖြေကိုစောင့်မျှော် နေမိတယ်။

သူမျှော်လင့်မိပါသည်။ သူ့ရဲ့နေရက်တိုင်းဟာ အမြဲ သူမကိုချစ်တဲ့အချစ်ကြောင့်လှပနေခဲ့တယ်...။ သူ့ရဲ့ အနာဂတ်မှာ သူသိပ်ချစ်ရသော သူမနဲ့သာဆို သူ့ဘဝ ပြီးပြည့်စုံသည့်ထက်ပိုမယ်ဆိုတာ သူယုံကြည်တယ်...။ သူ့ရဲ့အဆိုးအကောင်း၊ သူ့ရဲ့ဘဝခရီးမှာ သူမသာလျှင် သူ့အတွက် အပြီးပြည့်စုံနိုင်သော လက်တွဲဖော်။

"ဂုဏ်...!"

"......."

"တောင်းပန်ပါတယ် ဂုဏ်၊ မေ ဂုဏ့်ကို အခုချိန်မှာတော့ လက်မထပ်နိုင်သေးဘူး"

သူ မျှော်လင့်တမျှ ပျက်စီးသွားသော အခိုက်အတန့်လေး။

သူ မတ်တပ်ထရပ်ရင်း မေ့မျက်လုံးတွေထဲ အဖြေရှာမိတယ်။ Why?

"...... ဘယ် ဘယ်လိုအကြောင်းကြောင့်လဲ မေ၊ မေ ကိုယ့်ကိုချစ်တယ်မဟုတ်လား...!"

"ဟုတ်တာပေါ့၊ မေ ဂုဏ်ကိုချစ်တာပေါ့။ ဒါပေမယ့် မေက အောင်မြင်နေတဲ့ရုပ်ရှင်မင်းသမီး တစ်ယောက်လေ။ မေ့မှာအခုမှအောင်မြင်ခါစပဲ ရှိသေးတယ်လေ.... မေ အခုချိန်လက်ထပ်လိုက်ရင် အရမ်းနှမြောစရာကောင်းသွားမှာပေါ့။ အခုချိန်မှာတော့ မေ ဂုဏ့်ရဲ့ကမ်းလှမ်းမူကို ငြင်းရမှာပဲ... မေ့ကိုနားလည်ပေးပါနော် ဂုဏ် မေ့ကို ချစ်တယ်ဆိုရင် အချိန်တစ်ခုလောက်တော့ စောင့်ပေးပါနော်"

မင္းကငါ့အပိုင္ပဲ...💜(You Are Mine...💜)Tempat cerita menjadi hidup. Temukan sekarang